သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ပေါ်က အမုန်းစကား ဂျာမနီဟန့်တားလို့မနိုင်


အင်တာနက်လူမှုကွန်ယက်ပေါ်မှာ အမုန်းစကားတွေ ပျံ့ပွားနေတာကို ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့တဲ့အကြောင်း ဂျာမနီနိုင်ငံက town hall ဟောပြောပွဲတခုမှာ Facebook အမှုဆောင် အရာရှိချုပ် Mark Zuckerberg က အသိအမှတ်ပြု လက်ခံ ပြောဆိုခဲ့ပေမဲ့လည်း အခုအခါ တိုးတက်မှုတွေရအောင် လုပ်ဆောင်နေပြီလို့လည်း ပြောဆိုသွားပါတယ်။

ဂျာမနီအာဏာပိုင်တွေကတော့ နိုင်ငံတွင်းကို ဒုက္ခသည်တွေ စံချိန်တင်လောက်အောင် ဝင်ရောက်လာနေတာကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ၊ တင်းမာမှု တွေ ကြီးထွားလာနေချိန်မှာပဲ Facebook အပါအဝင် အင်တာနက် လူမှုကွန်ယက်တွေမှာ လူမျိုးရေးမုန်းတီးတဲ့ ဖော်ပြမှုတွေအပေါ် စိုးရိမ်နေသလို၊ လူမှုကွန်ယက် ဝဘ်ဆိုဒ်တွေအနေနဲ့ နှိမ်နင်းဖို့လည်း လအတော်ကြာကတည်းက ဖိအားပေးတောင်းဆိုနေတာပါ။

Facebook အမှုဆောင် အရာရှိချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ ဆွေးနွေးခဲ့သလို၊ ဒီသီတင်းပတ်ထဲ ဂျာမနီနိုင်ငံ ခရီးစဉ်မှာလည်း ဝန်ကြီးချုပ်ရုံး အရာရှိချုပ်နဲ့လည်း တွေ့ဆုံခဲ့တာပါ။

ဂျာမနီနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ ဘယ်လောက်ကြီးမားတယ်ဆိုတာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုကိုကြည့်ရင် သိနိုင်တယ်လို့လည်း ဘာလင်မြို့ တော်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ Facebook အမှုဆောင် အရာရှိချုပ်ကပြောဆိုသွားပါတယ်။

XS
SM
MD
LG