သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတွေ Facebook ကတဆင့် ထောက်လှမ်း


ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၇၀ ကျော်က အစိုးရတွေဟာ ဒီနှစ်ရဲ့ ပထမနှစ်ဝက် အတွင်းမှာပဲ အင်တာနက် လူမှုကွန်ရက် သုံးစွဲသူပေါင်း ထောင်သောင်းမကရဲ့ အချက်အလက်တွေကို တောင်းယူခဲ့တဲ့အကြောင်း Facebook ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

လုံခြုံရေးဌာန တာဝန်ရှိသူတွေက Facebook လူမှုကွန်ရက် အသုံးပြုသူ လူပေါင်း ၃ သောင်း ၈ ထောင်ရဲ့ အချက်အလက်တွေကို တောင်းခံခဲ့သလို၊ ဒီအထဲက ထက်ဝက်လောက်ဟာ ဆိုရင်တော့ အမေရိကန် ပြည်ထောင်စုက ဖြစ်တယ်လို့ လည်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

အစီရင်ခံစာထဲမှာတော့ ဇန္နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း အစိုးရတွေက Facebook သုံးသူတွေရဲ့ အချက်အလက် တောင်းခံမှုတွေ အားလုံးကို ဖော်ပြထားပါတယ်။

Facebook နဲ့ Twitter တို့လို အင်တာနက် လူမှုကွန်ရက်တွေဟာ ဆိုရင်တော့ တက်ကြွသူတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေအတွက် စည်းရုံးလေ့ရှိတဲ့နေရာ
ဖြစ်တဲ့အတွက်လည်း အာဏာပိုင်တွေက ပစ်မှတ်ထားလာကြတာပါ။ တူရကီနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းက ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အတွင်းမှာတော့ လူမှုကွန်ရက်တွေဟာ လူ့အသိုင်း အဝိုင်းအတွက် အဆိုးဆုံး အန္တရာယ်တွေလို့ Recep Tayyip Erdogan က ပြောဆိုခဲ့တဲ့အထိ ဖြစ်ပါတယ်။

အစိုးရတွေက သတင်းအချက်အလက်တွေ ရယူခဲ့တဲ့ ကိန်းဂဏန်းတွေကိုတော့
နောက်ထပ် အင်တာနက် လုပ်ငန်းကြီးတွေ ဖြစ်ကြတဲ့ Google နဲ့ Microsoft ကုမ္ပဏီတွေကလည်း ထုတ်ပြန်ထားကြပါတယ်။
XS
SM
MD
LG