သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလား အခေါ်အဝေါ်အသုံးပြု FB ပိတ်ပင်


မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကုလားဆိုတဲ့အသုံးအနှုန်းပါဝင်တဲ့ Post တွေဖယ်ရှားခံခဲ့ရသလို အဲဒီ Post တွေတင်ခဲ့တဲ့ Account တချို့အပိတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အထူးသဖြင့် တောင်အာရှနွယ်ဘွားတွေကို နှိမ်ချခေါ်တယ်လို့ အမြင်ရှိတဲ့ ကုလားဆိုတဲ့ အသုံးအနှုန်းကို Facebook က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကားဖြန့်ဝေနေတာတွေကို တားဆီးဖို့ နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားတွေရှိနေချိန်မှာ ကမ္ဘာတဝန်း ဘာသာစကား ၇၀ ကျော်နဲ့ သုံးစွဲသူ သန်း ၂ ထောင်နီးပါးရှိနေတဲ့ Facebook က မြန်မာနိုင်ငံအပါအဝင် ခုလိုဆောင်ရွက်မှုတွေကို လုပ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာဘာသာမှာ ကုလားပဲ၊ ကုလားထိုင်စတဲ့ ကုလားကိုအခြေခံတဲ့ အသုံးအနှုန်းတွေအများအပြားရှိနေတာကြောင့် ကုလားဆိုတဲ့စာလုံးပါသမျှပိတ်ပင်ခဲ့တဲ့အပေါ်Facebook သုံးသူတော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံထဲက လူမှုအသိုင်းအဝိုင်းတွေ၊ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့ NGO အဖွဲ့တွေရဲ့အကြံပြုချက်တွေအတိုင်းလိုက်နာပြီး ခုလို တားဆီးပိတ်ပင်မှုလုပ်ခဲ့တာလို့ Facebookကပြောကြောင်း Online media ကုမ္ပဏီတခုဖြစ်တဲ့ Mashable ရဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။ မှားယွင်းသွားကြောင်းသိခဲ့ပြီးနောက် အမှားပြင်နိုင်ဖို့ အမြန်ဆုံးကြိုးစားခဲ့ကြောင်းနဲ့ နောက်ထပ်ဒါမျိုးအမှားမျိုး ထပ်ဖြစ်မှာမဟုတ်ဘူးလို့Facebook ပြောခွင့်ရသူက Mashable သတင်းကိုပြောခဲ့တာကို ကိုးကားရေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းကစလို့ မွတ်ဆလင်နဲ့ ရိုဟင်ဂျာတွေအပေါ် အမုန်းပွားရေးသားမှုတွေကို လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် တေ့ွလာရပါတယ်။ မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ယက်အသုံးပြုသူ ၁၀ သန်းကနေ ၁၅ သန်းအထိရှိတယ်လို့ Telecom ဆက်သွယ်ရေး လုပ်ငန်းတွေက ခန့်မှန်းထားကြပါတယ်။

ကုလား အခေါ်အဝေါ်အသုံးပြု FB ပိတ်ပင်
please wait

No media source currently available

0:00 0:00:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG