{Zawgyi/Unicode}
Facebook ကုမၸဏီရဲ႕ မမွန္ကန္တဲ့လုပ္ေဆာင္ခ်က္ေတြကို ဖြင့္ခ်ေဖာ္ထုတ္ခဲ့တဲ့ Frances Haugen ၿပီးခဲ့တဲ့သီတင္းပတ္က အထက္လႊတ္ေတာ္မွာ ထြက္ဆိုတင္ျပခဲ့တာေတြနဲ႔ ဆက္စပ္ တဲ့ မွတ္တမ္းေတြအားလံုးကုိ ထိန္းသိမ္းထားဖို႔ အထက္လႊတ္ေတာ္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ေကာ္မတီဥကၠ႒ Maria Cantwell က Facebook အမႈေဆာင္အရာရွိခ်ဳပ္ Mark Zuckerberg ကို အဂၤါေန႔က ေတာင္းဆိုလိုက္ပါတယ္။
"Facebook ဟာ အမ်ားျပည္သူ၊ ဖက္ဒရယ္အစိုးရ စည္းကမ္းထိန္းသိမ္းသူေတြနဲ႔ ဒီေကာ္မတီကို လွည့္စားခ့ဲသလားဆိုတာ ၿပီးခဲ့တဲ့ထြက္ဆိုခ်က္ကေန သိသာတဲ့စိုးရိမ္မႈေတြ ေပၚလာေစပါတယ္" လို႔ ဒီမုိကရက္အမတ္ Cantwell ကေျပာပါတယ္။
Haugen ရဲ႕ ထြက္ဆိုခ်က္မွာ ကိုးကားေျပာဆိုသြားခဲ့တဲ့ Facebook ကုမၸဏီတြင္း သုေတသနျပဳခ်က္နဲ႔ဆိုင္တဲ့ အေထာက္အထားမွတ္တမ္း၊ အၾကံျပဳခ်က္ စတာေတြသာမက ကေလးငယ္ေတြနဲ႔ အသက္ ၁၈ ႏွစ္ေအာက္ လူငယ္ေတြအေပၚ Facebook ကုမၸဏီပိုင္ လူမႈကြန္ယက္မီဒီယာ ေတြရဲ႕ သက္ေရာက္မႈဆိုင္ရာ ေတြ႔ရွိခ်က္ေတြကိုပါ ထိန္းသိမ္းထားဖို႔ လႊတ္ေတာ္အမတ္ Cantwell က ေတာင္းဆိုခဲ့တာပါ။
ျမန္မာႏုိင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္လုပ္ရပ္ေတြ က်ဴးလြန္တာနဲ႔ ဆက္စပ္တဲ့ Facebook အေကာင့္ေတြရဲ႕မွတ္တမ္းေတြကို ထုတ္ျပန္ေပးဖို႔လည္း ၿပီးခဲ့တဲ့လမွာ အေမရိကန္ တရားသူႀကီးတဦးက Facebook ကို ၫႊန္ၾကားခဲ့ပါေသးတယ္။
ပုဂၢိဳလ္ေရးဆိုင္ရာ အကာအကြယ္ေပးဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ Facebook က အဲဒီအခ်က္အလက္ေတြ ထုတ္မေပးတာဟာ "အေျပာတမ်ဳိး အလုပ္တမ်ဳိး" လုပ္ရပ္ပဲဆိုၿပီး တရားသူႀကီးက ပယ္ခ်ခဲ့ပါတယ္။
-------
{Unicode}
FaceBook အထောက်အထားတွေ ထိန်းသိမ်းထားဖို့ အထက်လွှတ်တော် ကော်မတီတောင်းဆို
Facebook ကုမ္ပဏီရဲ့ မမှန်ကန်တဲ့လုပ်ဆောင်ချက်တွေကို ဖွင့်ချဖော်ထုတ်ခဲ့တဲ့ Frances Haugen ပြီးခဲ့တဲ့သီတင်းပတ်က အထက်လွှတ်တော်မှာ ထွက်ဆိုတင်ပြခဲ့တာတွေနဲ့ ဆက်စပ် တဲ့ မှတ်တမ်းတွေအားလုံးကို ထိန်းသိမ်းထားဖို့ အထက်လွှတ်တော် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Maria Cantwell က Facebook အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
"Facebook ဟာ အများပြည်သူ၊ ဖက်ဒရယ်အစိုးရ စည်းကမ်းထိန်းသိမ်းသူတွေနဲ့ ဒီကော်မတီကို လှည့်စားခဲ့သလားဆိုတာ ပြီးခဲ့တဲ့ထွက်ဆိုချက်ကနေ သိသာတဲ့စိုးရိမ်မှုတွေ ပေါ်လာစေပါတယ်" လို့ ဒီမိုကရက်အမတ် Cantwell ကပြောပါတယ်။
Haugen ရဲ့ ထွက်ဆိုချက်မှာ ကိုးကားပြောဆိုသွားခဲ့တဲ့ Facebook ကုမ္ပဏီတွင်း သုတေသနပြုချက်နဲ့ဆိုင်တဲ့ အထောက်အထားမှတ်တမ်း၊ အကြံပြုချက် စတာတွေသာမက ကလေးငယ်တွေနဲ့ အသက် ၁၈ နှစ်အောက် လူငယ်တွေအပေါ် Facebook ကုမ္ပဏီပိုင် လူမှုကွန်ယက်မီဒီယာ တွေရဲ့ သက်ရောက်မှုဆိုင်ရာ တွေ့ရှိချက်တွေကိုပါ ထိန်းသိမ်းထားဖို့ လွှတ်တော်အမတ် Cantwell က တောင်းဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တာနဲ့ ဆက်စပ်တဲ့ Facebook အကောင့်တွေရဲ့မှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့လည်း ပြီးခဲ့တဲ့လမှာ အမေရိကန် တရားသူကြီးတဦးက Facebook ကို ညွှန်ကြားခဲ့ပါသေးတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ အကာအကွယ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Facebook က အဲဒီအချက်အလက်တွေ ထုတ်မပေးတာဟာ "အပြောတမျိုး အလုပ်တမျိုး" လုပ်ရပ်ပဲဆိုပြီး တရားသူကြီးက ပယ်ချခဲ့ပါတယ်။
#Facebook #FacebookMyanmar #FrancesHaugen #VOABurmese