သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

FaceBook ကုမၸဏီ ေဒၚလာသန္း ၆၅၀ ေလ်ာ္ေၾကးေပးဖို႔ ဖက္ဒရယ္တရားသူႀကီး ဆုံးျဖတ္


Facebook ကုမၸဏီအေနနဲ႔ ခြင့္ျပဳခ်က္မယူဘဲ လူမ်က္ႏွာပုံနဲ႔နာမည္အခ်က္အလက္ေတြကို ရယူစုေဆာင္းခဲ့တဲ့အတြက္ ပုဂၢိဳလ္ေရးအခြင့္အေရး ဥပေဒစြဲခ်က္နဲ႔ ဒဏ္ေငြ ေဒၚလာ သန္း ၆၅၀ ေပးဖို႔ အေမရိကန္ဖယ္ဒရယ္တရားသူႀကီးတစ္ဦးကစီရင္ခ်က္ခ်လိုက္ပါတယ္။

Facebook အေနနဲ႔ သုံးစြဲသူေတြရဲ႕ မ်က္ႏွာေတြကို သူ႔စာမ်က္ႏွာမွာ အလိုအေလွ်ာက္မွတ္မိတြဲဖက္ေဖာ္ျပႏိုင္ေအာင္ မ်က္ႏွာပုံနဲ႔နာမည္ေတြကို ခြင့္ျပဳခ်က္မရွိဘဲ အခ်က္အလက္စုေဆာင္းခဲ့တဲ့အမႈအတြက္ အခုလို ဒဏ္ေငြႀကီးႀကီးမားမားအေလ်ာ္ေပးဖို႔ ဆန္ဖရစၥကို ဖယ္ဒရယ္တရား႐ုံးကေန အခုလိုအမိန႔္ခ်တာပါ။ အမႈကိုေတာ့ ကြန္ျပဴတာမွတ္တမ္းဓာတ္ပုံဆိုင္ရာ ကိုယ္ေရးကိုယ္တာဥပေဒနဲ႔Illinois ျပည္နယ္ကေန တဦးခ်င္းစုေပါင္းၿပီး တရားလိုလုပ္ခဲ့တာပါ။

အခုလို ႀကီးမားတဲ့ေလ်ာ္ေၾကးေငြပမာဏကို Illinois ျပည္နယ္သားေပါင္း ၁.၆ သန္းက လက္ခံရရွိမွာျဖစ္ပါတယ္။ ဒီတရား႐ုံးဆုံးျဖတ္ခ်က္မ်ိဳးက ကိုယ္ေရးကိုယ္တာအခြင့္အေရးနဲ႔ပတ္သက္ရင္ အႀကီးမားဆုံးေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း တရားသူႀကီး Donato က ေျပာခဲ့ပါတယ္။

Facebook ကုမၸဏီဘက္ကလည္း ဒီ တရားေရးေျဖရွင္းခ်က္က ေဒသခံျပည္သူေတြနဲ႔ အစုရွယ္ယာဝင္ထားသူေတြအားလုံးအတြက္ အေကာင္းဆုံးျဖစ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။

တရားသူႀကီး Donato ကလည္း ဒီေလ်ာ္ေၾကးေပးမူကို လက္ခံလိုတဲ့ ေဒသခံတစ္ဦးခ်င္းအေနနဲ႔ အနည္းဆုံး အေမရိကန္ေဒၚလာ ၃၄၅ ေဒၚလာစီရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Unicode

Facebook ကုမ္ပဏီအနေနဲ့ ခွင့်ပြုချက်မယူဘဲ လူမျက်နှာပုံနဲ့နာမည်အချက်အလက်တွေကို ရယူစုဆောင်းခဲ့တဲ့အတွက် ပုဂ္ဂိုလ်ရေးအခွင့်အရေး ဥပဒေစွဲချက်နဲ့ ဒဏ်ငွေ ဒေါ်လာ သန်း ၆၅၀ ပေးဖို့ အမေရိကန်ဖယ်ဒရယ်တရားသူကြီးတစ်ဦးကစီရင်ချက်ချလိုက်ပါတယ်။

Facebook အနေနဲ့ သုံးစွဲသူတွေရဲ့ မျက်နှာတွေကို သူ့စာမျက်နှာမှာ အလိုအလျှောက်မှတ်မိတွဲဖက်ဖော်ပြနိုင်အောင် မျက်နှာပုံနဲ့နာမည်တွေကို ခွင့်ပြုချက်မရှိဘဲ အချက်အလက်စုဆောင်းခဲ့တဲ့အမှုအတွက် အခုလို ဒဏ်ငွေကြီးကြီးမားမားအလျော်ပေးဖို့ ဆန်ဖရစ္စကို ဖယ်ဒရယ်တရားရုံးကနေ အခုလိုအမိန့်ချတာပါ။ အမှုကိုတော့ ကွန်ပြူတာမှတ်တမ်းဓာတ်ပုံဆိုင်ရာ ကိုယ်ရေးကိုယ်တာဥပဒေနဲ့Illinois ပြည်နယ်ကနေ တဦးချင်းစုပေါင်းပြီး တရားလိုလုပ်ခဲ့တာပါ။

အခုလို ကြီးမားတဲ့လျော်ကြေးငွေပမာဏကို Illinois ပြည်နယ်သားပေါင်း ၁.၆ သန်းက လက်ခံရရှိမှာဖြစ်ပါတယ်။ ဒီတရားရုံးဆုံးဖြတ်ချက်မျိုးက ကိုယ်ရေးကိုယ်တာအခွင့်အရေးနဲ့ပတ်သက်ရင် အကြီးမားဆုံးတွေထဲက တစ်ခုဖြစ်တယ်လို့လည်း တရားသူကြီး Donato က ပြောခဲ့ပါတယ်။

Facebook ကုမ္ပဏီဘက်ကလည်း ဒီ တရားရေးဖြေရှင်းချက်က ဒေသခံပြည်သူတွေနဲ့ အစုရှယ်ယာဝင်ထားသူတွေအားလုံးအတွက် အကောင်းဆုံးဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

တရားသူကြီး Donato ကလည်း ဒီလျော်ကြေးပေးမူကို လက်ခံလိုတဲ့ ဒေသခံတစ်ဦးချင်းအနေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၄၅ ဒေါ်လာစီရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

#FacebookLawsuit #USFacebookPrivacy #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG