သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာလူ႔အခြင့္အေရးခ်ဳိးေဖာက္ခံရမႈ Facebook ေလ်ာ္ေပးသင့္လို AI ေျပာ


မိုဘိုင္းဖုန္းနဲ႔ Facebook အသုံးျပဳေနသူတဦး (ဓါတ္ပုံ-AFP)

[Zawgyi]
ရခိုင္ျပည္နယ္ထဲက ႐ိုဟင္ဂ်ာသိန္းနဲ႔ခ်ီ ေနရပ္စြန္႔ ထြက္ေျပးရတာအပါအဝင္ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြခံရတဲ့အထိျဖစ္ခဲ့တာမွာ Facebook လူမႈကြန္ယက္မွာ တာဝန္ရွိတဲ့အတြက္ ေလ်ာ္ေပးသင့္တယ္လို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ တခုျဖစ္တဲ့ Amnesty International က ေျပာၾကားလိုက္ပါတယ္။ အမုန္းတရားပြားမ်ားတဲ့ ေရးသားတင္ျပမႈေတြ Facebook ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့တာကို တားဆီးဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္လို႔ Amnesty ကေထာက္ျပပါတယ္။ ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးခဲ့ၾကရတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ အေျခခ်ႏိုင္ေရးမွာ Facebook ကုမၸဏီက တာဝန္ယူ ေလွ်ာ္ေၾကးေပးရမယ္လို႔ စက္တင္ဘာ ၂၉ ရက္ ၾကာသပေတးေန႔က အစီရင္ခံစာ ထုတ္ျပန္ပါတယ္။

ACT: " ၿပီးခဲ့တဲ့ ၅ ႏွစ္က ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ရင္ဆိုင္ခဲ့ရတဲ့ ကိစၥေတြကို အခုအထိ မေျဖရွင္းႏိုင္ေသးပါဘူး။ Facebook ကတဆင့္ သူတို႔ရဲ႕ နစ္နာမႈေတြ အတြက္ ေတာင္းဆိုထားတဲ့ တရားမွ်တမႈေတြ လည္း မရေသးပါဘူး။ သူတို႔ ထိခိုက္နစ္နာခဲ့တဲ့ ကိစၥေတြမွာ Facebook ပါဝင္တဲ့ အခန္းက႑ကို က်ေနာ္တို႔ ထဲထဲ၀င္၀င္ စုံစမ္းစစ္ေဆး ထားပါတယ္ " လို႔ Amnesty International အဖြဲ႕ႀကီးရဲ႕ လူ႔အခြင့္အေရးနဲ႔ AI နည္းပညာဆိုင္ရာ သုေတသနမႉး Pat de Brún က AFP သတင္းဌာနကို ေျပာဆိုသြားပါတယ္။

Facebook ေပၚမွာ ျဖန႔္ေဝခဲ့ၾကတဲ့ အမုန္းပြားေစတဲ့ အေရးအသားတင္ျပမႈေတြ ေသြးထိုးလႈ႔ံေဆာ္မႈ အက်ိဳးဆက္ေတြေၾကာင့္ ႐ိုဟင္ဂ်ာေတြ ထိခိုက္နစ္နာခဲ့ရတာေၾကာင့္ ႏိုင္ငံတကာ လူ႔အခြင့္အေရး ဥပေဒ၊ စံႏႈန္းေတြနဲ႔အညီ အေရးယူဖို႔ လိုတဲ့အေၾကာင္း Amnesty International အဖြဲ႕ႀကီးက Pat de Brún က ေျပာပါတယ္။ Facebook ရဲ႕ နည္းပညာဆိုင္ရာ လုပ္ထုံးလုပ္နည္းေတြဟာ အမုန္းတရား မျပန႔္ပြားေအာင္ ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိတဲ့အျပင္၊ အေၾကာင္းအရာ ေတြကို လူေတြ ပိုၿပီး အာ႐ုံစိုက္ေအာင္ ထပ္ျဖန႔္သလို ျဖစ္ေနၿပီး၊ ႐ိုဟင္ဂ်ာေတြကို ရန္လိုမုန္းထားမႈေတြ တိုးလာေအာင္ ေသြးထိုးေပးသလို ျဖစ္ခဲ့တယ္လို႔ Amnesty International အဖြဲ႕ႀကီးက အစီရင္ခံစာ ထုတ္ျပန္ထားတာပါ။

႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို အသိအမွတ္ မျပဳတဲ့ ျမန္မာႏိုင္ငံမွာ ၂၀၁၇ ခုႏွစ္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ နယ္ေျမ ရွင္းလင္းမႈေတြအတြင္း သန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ထြက္ေျပးခဲ့ရၿပီး အခုအခ်ိန္အထိ ဒုကၡသည္ တသန္းေက်ာ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ခိုလႈံေနရဆဲျဖစ္ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ၂၀၁၇ ခုႏွစ္က ႐ိုဟင္ဂ်ာသိန္းနဲ႔ခ်ီ ဘဂၤလားေဒရွ္႕ႏိုင္ငံဘက္ ထြက္ေျပးခဲ့ရတဲ့ ျဖစ္ရပ္အတြက္ Facebook က ႀကိဳတင္ မတားႏိုင္ခဲ့ဘူးဆိုတာကို Facebook ကုမၸဏီတည္ေထာင္သူ Mark Zuckerberg ကဝန္ခံေျပာထားပါတယ္။ အခုလို Amnesty International အဖြဲ႕ႀကီးရဲ႕ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ Facebook ရဲ႕ မိခင္ကုမၸဏီ Meta ဘက္က တစံုတရာ ထြက္ေပၚလာျခင္း မရွိေသးပါဘူး။


#႐ိုဟင္ဂ်ာ #ေဖ့စ္ဘုတ္ #Amnesty_International #ဇူကာဘတ္ #ျမန္မာ

တိုက္႐ိုက္ လင့္ခ္

ရိုဟင်ဂျာလူ့အခွင့်အရေးချိုးဖောက်ခံရမှု Facebook လျော်ပေးသင့်လို AI ပြော

[Unicode]
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာသိန်းနဲ့ချီ နေရပ်စွန့် ထွက်ပြေးရတာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေခံရတဲ့အထိဖြစ်ခဲ့တာမှာ Facebook လူမှုကွန်ယက်မှာ တာဝန်ရှိတဲ့အတွက် လျော်ပေးသင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။ အမုန်းတရားပွားများတဲ့ ရေးသားတင်ပြမှုတွေ Facebook ပေါ်မှာ ပျံ့နှံ့ခဲ့တာကို တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ Amnesty ကထောက်ပြပါတယ်။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန် အခြေချနိုင်ရေးမှာ Facebook ကုမ္ပဏီက တာဝန်ယူ လျှော်ကြေးပေးရမယ်လို့ စက်တင်ဘာ ၂၉ ရက် ကြာသပတေးနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ACT: " ပြီးခဲ့တဲ့ ၅ နှစ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ခဲ့ရတဲ့ ကိစ္စတွေကို အခုအထိ မဖြေရှင်းနိုင်သေးပါဘူး။ Facebook ကတဆင့် သူတို့ရဲ့ နစ်နာမှုတွေ အတွက် တောင်းဆိုထားတဲ့ တရားမျှတမှုတွေ လည်း မရသေးပါဘူး။ သူတို့ ထိခိုက်နစ်နာခဲ့တဲ့ ကိစ္စတွေမှာ Facebook ပါဝင်တဲ့ အခန်းကဏ္ဍကို ကျနော်တို့ ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေး ထားပါတယ် " လို့ Amnesty International အဖွဲ့ကြီးရဲ့ လူ့အခွင့်အရေးနဲ့ AI နည်းပညာဆိုင်ရာ သုတေသနမှူး Pat de Brún က AFP သတင်းဌာနကို ပြောဆိုသွားပါတယ်။

Facebook ပေါ်မှာ ဖြန့်ဝေခဲ့ကြတဲ့ အမုန်းပွားစေတဲ့ အရေးအသားတင်ပြမှုတွေ သွေးထိုးလှုံ့ဆော်မှု အကျိုးဆက်တွေကြောင့် ရိုဟင်ဂျာတွေ ထိခိုက်နစ်နာခဲ့ရတာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ စံနှုန်းတွေနဲ့အညီ အရေးယူဖို့ လိုတဲ့အကြောင်း Amnesty International အဖွဲ့ကြီးက Pat de Brún က ပြောပါတယ်။ Facebook ရဲ့ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေဟာ အမုန်းတရား မပြန့်ပွားအောင် ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အပြင်၊ အကြောင်းအရာ တွေကို လူတွေ ပိုပြီး အာရုံစိုက်အောင် ထပ်ဖြန့်သလို ဖြစ်နေပြီး၊ ရိုဟင်ဂျာတွေကို ရန်လိုမုန်းထားမှုတွေ တိုးလာအောင် သွေးထိုးပေးသလို ဖြစ်ခဲ့တယ်လို့ Amnesty International အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။

ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသိအမှတ် မပြုတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရပြီး အခုအချိန်အထိ ဒုက္ခသည် တသန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာသိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်အတွက် Facebook က ကြိုတင် မတားနိုင်ခဲ့ဘူးဆိုတာကို Facebook ကုမ္ပဏီတည်ထောင်သူ Mark Zuckerberg ကဝန်ခံပြောထားပါတယ်။ အခုလို Amnesty International အဖွဲ့ကြီးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဘက်က တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။


#ရိုဟင်ဂျာ #ဖေ့စ်ဘုတ် #Amnesty_International #ဇူကာဘတ် #မြန်မာ

XS
SM
MD
LG