သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook Software သစ် ဆင်ဆာကို ရှောင်နိုင်


facebook
facebook

တရုတ်နဲ့ အီရန်က Facebook သုံးစွဲသူ အများအပြားဟာ အခုအခါမှာ သူတို့ကို စောင့်ကြည့်နေမှာကို စိုးရိမ်စရာ မလိုတော့ပဲ စမတ်ဖုံးတွေကနေ ကမ္ဘာ့ အကြီးဆုံး လူမှုကွန်ယက်ကို စိတ်ချလက်ချ ဝင်ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာ anonymizer လို့ ခေါ်တဲ့ လင့်ခ် နဲ့ ချိတ်ဆက်ပြီး သုံးစွဲသူ ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်အောင် လုပ်ပေးတဲ့ software နဲ့ သုံးနိုင်လို့ ဖြစ်ပါတယ်။

ဒါကို Android စံနစ်သုံး စမတ်ဖုံးတွေအတွက် ဖေ့စ်ဘုတ် application မှာ အသစ်ထည့်ပေးထားတာ ဖြစ်ပါတယ်။သူက ဖေ့စ်ဘုတ်ကို Tor Project လို့ခေါ်တဲ့ http://www.torproject .org/system နဲ့ ဆက်ပေးပြီး သုံးစွဲသူကို စောင့်ကြည့် တာတွေ မလုပ်နိုင်အောင်နဲ့ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာကို ထိထိရောက်ရောက် အကာကွယ်ပေးနိုင်ပါတယ်။

ဒီ Tor software ကို Android စံနစ်သုံး ဖုံးတွေက ဖေ့စ်ဘုတ်သုံးသူတွေ အခမဲ့ ထည့်သွင်း နိုင်ပါတယ်။ သူ့ကို မိုဘိုင်းဖုံးမှာ Orbot လို့ခေါ်တဲ့ Tor application ကို သွင်းလိုက်တာနဲ့ Tor ကွန်ယက်ထဲကို ဖေ့စ်ဘုတ်ကနေ အလိုအလျောက် ဝင်သွားတာပါ။

Apple အိုင်ဖုံးတွေမှာတော့ စနစ်မတူတဲ့အတွက် Tor ကွန်ယက်နဲ့ ဆက်လို့မရပါဘူး။ ဖေ့စ်ဘုတ်ကတော့ သူ့ရဲ့ application ဟာ တရုတ်နဲ့ အီရန်တွေ အတွက်သုံးဖို့ ဆိုပြီး ရည်ရွယ်ထုတ်တာ မဟုတ်ဖူးလို့ ဆိုပါတယ်။

Tor ကို အမေရိကန်ရေကြောင်း သုတေသနဌာန ဝန်ထမ်းတွေက အင်တာနက်ကနေ လျို့ဝှက်အချက်လက်တွေ ပေးပို့တဲ့အခါ လုံခြုံစေဖို့ နည်းလမ်းတခုအဖြစ် ဓါတ်ခွဲခန်းမှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG