Facebook လူမှုကွန်ယက်ကို ကမ္ဘာတဝန်းသုံးစွဲသူ သန်းပေါင်း ၁ ထောင်ကျော်သွားပါပြီ။ Facebook website ကို လစဉ်သုံးစွဲသူပေါင်း သန်း ၁ ထောင် September လ လယ်မှာ ပြည့်သွားခဲ့တာလို့ Facebook ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအောင်မြင်မှုဟာ မယုံကြည်နိုင်အောင်ပါပဲလို့ Facebook ကိုတည်ထောင်သူ Mark Zuckerberg က အမေရိကန် NBC ရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။
"ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အဖွဲ့လေးကို သင်တို့ကို ဝန်ဆောင်ခွင့်ပေးတဲ့အတွက် ဂုဏ်ယူ ကျေးဇူးတင်ပါတယ်" လို့ Mark Zuckerberg က သူ့ရဲ့ Facebook စာမျက်နှာမှာရေးထားပါတယ်။ Member တွေတယောက်နဲ့ တယောက်ကြား ကွန်ယက်ဖြန့်ကြက် ချိတ်ဆက် ဆက်သွယ်နိုင်တဲ့ Facebook လူမှုကွန်ယက်ကို ၂၀၀၄ ခုနှစ်ကမှ စတင်ခဲ့တာဖြစ်ပါတယ်။