သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေတြ တိုးလာလို႔ ကုသေရး ပိုမိုထိေရာက္ဖို႔ တ႐ုတ္ ျပင္ဆင္


A resident carries away medicine bought at a pharmacy in Beijing, Dec. 9, 2022.

တ႐ုတ္ႏိုင္ငံမွာ အစိုးရက လူေတြကို အိမ္ထဲကေန အျပင္မထြက္ဘဲ ေနၾကဖို႔ ကန႔္သတ္ခ်က္ေတြကို ျပန္႐ုတ္သိမ္းလာခ်ိန္မွာပဲ၊ ကိုဗစ္ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္၊ တ႐ုတ္အစိုးရက ေဆး႐ုံေတြမွာ အေရးေပၚ အထူးၾကပ္မတ္ ကုသေဆာင္ေတြ တိုးခ်ဲ႕ၿပီး၊ ေဆး႐ုံေတြကို အားျဖည့္ဖို႔ ႀကိဳးပမ္းလာေနပါတယ္။

"ကိုဗစ္ လုံးဝမရွိေစရ" ဆိုတဲ့ အစိုးရရဲ႕ တင္းက်ပ္တဲ့ Zero Covid မူေၾကာင့္ စီးပြားေရး ထိခိုက္ခဲ့ရၿပီး ဆႏၵျပပြဲေတြလည္း ျဖစ္ပြားခဲ့ပါတယ္။ ဗိုင္းရပ္စ္ကူးစက္မႈေတြ အဆုံးသတ္ေအာင္ လုပ္သြားမယ္လို႔ တရားဝင္ ေၾကညာထားေပမဲ့ ကန႔္ကြက္ဆႏၵျပပြဲေတြေၾကာင့္ ေလွ်ာ့ေပါ့မႈေတြ လုပ္လာရပါတယ္။

ခရီးသြားလာမႈနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ရပ္မပစ္ေတာ့ဘဲ ကိုဗစ္ကူးစက္မႈ တိုးလာတာကိုပဲ လက္ခံရင္ဆိုင္မယ့္ပုံ ျဖစ္လာတာပါ။ တ႐ုတ္အစိုးရပိုင္ သတင္းမီဒီယာရဲ႕ အဆိုအရေတာ့၊ ၾကာသပေတးေန႔က လုပ္ခဲ့တဲ့ ဝန္ႀကီးအဖြဲ႔ အစည္းအေဝးအတြင္း၊ ေဆး႐ုံးေတြမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြကို ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ ကုသႏိုင္ဖို႔အတြက္ ဝန္ထမ္းအင္အား တိုးခ်ဲတာနဲ႔ ေဆးဝါးအေထာက္အပံ့ေတြ ပိုေပးတာအပါအဝင္ ေဆး႐ုံေတြကို အျပည့္အဝကူညီေထာက္ပံ့ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ေဖာ္ျပပါတယ္။

ဒါ့အျပင္ အာဏာပိုင္ေတြအေနနဲ႔ သူတို႔ေဒသက အသက္ ၆၅ ႏွစ္ နဲ႔ အထက္ လူႀကီးပိုင္းေတြရဲ႕ က်န္းမာေရးကို ေသခ်ာေစာင့္ၾကည့္ဖို႔ ေျပာထားပါတယ္။ ကိုဗစ္ ကန႔္သတ္ခ်က္ေတြ ေျဖေလွ်ာ့ေပးခဲ့တဲ့ ၿပီးခဲ့တဲ့သီတင္းပတ္ကစလို႔ ကူးစက္မႈေတြ ဘယ္ေလာက္တိုးလာတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေပမဲ့ ႏိုင္ငံတဝန္းက ေက်ာင္းေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြမွာေတာ့ ကူးစက္မႈေတြ ရွိတယ္လို႔ လူမႈကြန္ရက္ေတြနဲ႔ သတင္းေတြက ေဖာ္ျပပါတယ္။ တခ်ိဳ႕စားေသာက္ဆိုင္ေတြနဲ႔ လုပ္ငန္းေတြမွာ ကူးစက္သူေတြ မ်ားတာေၾကာင့္ ဆိုင္ေတြပါ ပိတ္လိုက္ရတယ္လို႔ ေျပာပါတယ္။

==== Unicode ====

တရုတ်နိုင်ငံမှာ အစိုးရက လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဘဲ နေကြဖို့ ကန့်သတ်ချက်တွေကို ပြန်ရုတ်သိမ်းလာချိန်မှာပဲ၊ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတာကြောင့်၊ တရုတ်အစိုးရက ဆေးရုံတွေမှာ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်တွေ တိုးချဲ့ပြီး၊ ဆေးရုံတွေကို အားဖြည့်ဖို့ ကြိုးပမ်းလာနေပါတယ်။

"ကိုဗစ် လုံးဝမရှိစေရ" ဆိုတဲ့ အစိုးရရဲ့ တင်းကျပ်တဲ့ Zero Covid မူကြောင့် စီးပွားရေး ထိခိုက်ခဲ့ရပြီး ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ အဆုံးသတ်အောင် လုပ်သွားမယ်လို့ တရားဝင် ကြေညာထားပေမဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေကြောင့် လျှော့ပေါ့မှုတွေ လုပ်လာရပါတယ်။

ခရီးသွားလာမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်မပစ်တော့ဘဲ ကိုဗစ်ကူးစက်မှု တိုးလာတာကိုပဲ လက်ခံရင်ဆိုင်မယ့်ပုံ ဖြစ်လာတာပါ။ တရုတ်အစိုးရပိုင် သတင်းမီဒီယာရဲ့ အဆိုအရတော့၊ ကြာသပတေးနေ့က လုပ်ခဲ့တဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးအတွင်း၊ ဆေးရုံးတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကုသနိုင်ဖို့အတွက် ဝန်ထမ်းအင်အား တိုးချဲတာနဲ့ ဆေးဝါးအထောက်အပံ့တွေ ပိုပေးတာအပါအဝင် ဆေးရုံတွေကို အပြည့်အဝကူညီထောက်ပံ့ဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ သူတို့ဒေသက အသက် ၆၅ နှစ် နဲ့ အထက် လူကြီးပိုင်းတွေရဲ့ ကျန်းမာရေးကို သေချာစောင့်ကြည့်ဖို့ ပြောထားပါတယ်။ ကိုဗစ် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့တဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ကူးစက်မှုတွေ ဘယ်လောက်တိုးလာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ နိုင်ငံတဝန်းက ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာတော့ ကူးစက်မှုတွေ ရှိတယ်လို့ လူမှုကွန်ရက်တွေနဲ့ သတင်းတွေက ဖော်ပြပါတယ်။ တချို့စားသောက်ဆိုင်တွေနဲ့ လုပ်ငန်းတွေမှာ ကူးစက်သူတွေ များတာကြောင့် ဆိုင်တွေပါ ပိတ်လိုက်ရတယ်လို့ ပြောပါတယ်။

XS
SM
MD
LG