သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ယူကိုအနိုင်ယူပြီး မန်စီးတီး FA ဖလားသိမ်းပိုက်


2023 FA ဖလားချန်ပီယံ မန်စီးတီး
2023 FA ဖလားချန်ပီယံ မန်စီးတီး

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ စနေနေ့က မန်ချက်စတာမြို့ခံနှစ်သင်း ပထမဆုံးအကြိမ်အဖြစ် FA ဖလား ဗိုလ်လုခဲ့ ကြရာမှာ မန်စီးတီးက နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရ သွားပါပြီ။

ပွဲစစချင်း တမိနစ်မှာတင် မန်စီးတီးက Gundogan အဖွင့်ဂိုးသွင်းနိုင်ခဲ့ပြီး ၃၃ မိနစ်မှာတော့ မန်ယူဘက်က ပင်နယ်တီရသွားပြီး Fernandes က ချေပဂိုးသွင်းခဲ့ပါတယ်။ ၅၁ မိနစ် မှာတော့ Gundogan ကပဲ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် မန်စီးတီးအသင်းက FA ဖလားဆွတ်ခူးသွားတာ ဖြစ်ပါတယ်။

အင်္ဂလန်မှာ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းအရှည်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ FA ဖလားပွဲကို ဗြိတိန်ဝေလမင်းသားဝီလျံ တက်ရောက်ပြီး ဆုဖလားချီးမြှင့်ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားတဲ့ မန်စီးတီးဟာ အခု FA ဖလားရရှိခဲ့သလို၊ လာမယ့်သတင်းပတ်ကုန်ထဲ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကန်ရဦးမှာမို့ အဲဒီ ချန်ပီယံလိဂ်မှာပါ ဗိုလ်စွဲခဲ့ရင် ၁၉၉၉ ခုနှစ်တုန်းက မန်ယူအသင်းတင်ထားခဲ့တဲ့ အင်္ဂလန်သမိုင်းမှာ တစ်နှစ်တည်း ဖလား ၃ လုံးရတဲ့ စံချိန်ကို လိုက်မှီသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG