သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်အကြောင်း လုပ်ကြံသတင်းကြောင့် Stock ဈေးထိုးကျ


အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဗုံးကွဲပြီး သမ္မတ အိုဘားမား ထိခိုက်ဒဏ်ရာ ရတယ်ဆိုတဲ့ လုပ်ကြံ သတင်းမှားကြောင့် အင်္ဂါနေ့က အမေရိကန် Stock ဈေးကွက်တွေ ထိုးကျသွားပါတယ်။ နောက် ပိုင်းတော့ ဈေးတွေ ပြန်ကောင်း လာခဲ့ပါတယ်။

ဟက်ကာ အင်တာနက် ခိုးဖောက်ဝင်သူတွေဟာ AP Twitter အကောင့်ထဲကို ဝင်ရောက်ပြီး၊ နောက်ဆုံးရသတင်း - အိမ်ဖြူတော်မှာ ဗုံး နှစ်လုံးပေါက်ကွဲပြီး သမ္မတ အိုဘားမား ဒဏ်ရာရတယ် ဆိုပြီး ရေးသားခဲ့ကြပါတယ်။

အဲ့ဒီမိနစ်ပိုင်းအတွင်းမှာပဲ အမေရိကန် Stock ဈေးတွေ အထူးသဖြင့် ဒီ Dow Stock ဈေးကွက်ဟာဆိုရင် အမှတ် ၁၃၀ မှတ်အထိ တနေ့လုံး အရှိန်ကောင်းတဲ့ ဈေးကွက်မှာ ကျဆင်းသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ သတင်းမှားတယ်ဆိုတာ သိပြီးနောက် Dow Stock တွေ အလျင်အမြန် ပြန်တက်လာခဲ့ပါတယ်။

Syrian Electronic Army ဆိုတဲ့ အုပ်စုကတော့ ဒီ ဆိုက်ဘာ တိုက်ခိုက်မှုကို သူတို့ လုပ်တာဆိုပြီး ကြေညာပါတယ်။

ဒါပေမဲ့ ဟုတ် မဟုတ်ဆိုတာ သီးခြား အတည်ပြုလို့တော့ မရပါဘူး။ ဒီအဖွဲ့ဟာ တခြား သတင်းအေဂျင်စီတွေကိုလည်း အရင်တုန်းက သူတို့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ကြေညာခဲ့ဖူးပါတယ်။
XS
SM
MD
LG