သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fallujah တိုက်ပွဲ ပြင်းထန်မှုကြောင့် အရပ်သားသေဆုံးမှုတိုး


အီရတ်နိုင်ငံ Fallujah မြို့ကို IS စစ်သွေးကြွတွေ လက်ကနေ ပြန်သိမ်းနိုင်ဖို့ တိုက်နေတဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အတူ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ အရေအတွက်လည်း တဖြေးဖြေး များလာနေပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေကြား Fallujah မြို့ခံတွေအတွက် ဘေးကင်းရာ သွားနိုင်တဲ့လမ်း မရှိဘူးလို့ နော်ဝေးဒုက္ခသည်ကောင်စီ အကြီးအကဲ Jan Egeland က ပြောပါတယ်။ မြို့ကိုပြန်သိမ်းနိုင်ဖို့ အီရတ်တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

အပြင်းအထန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေ၊ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင် ပိတ်မိနေသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ပြောပါတယ်။

အရပ်သားရာနဲ့ချီကို လူသားဒိုင်းတွေသဖွယ် IS စစ်သွေးကြွတွေက အသုံးချနေတယ်ဆိုတဲ့ သတင်းတွေလည်း ရတယ်လို့ UNHCR ပြောခွင့်ရ William Spindler က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ အီရတ်မိသားစု ၆၂၀ ကျော်ကတော့ တိုက်ပွဲတွေကြားကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ကြပါတယ်။

XS
SM
MD
LG