သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှ ၁၂ နိုင်ငံမှာ ဒေါ်လာ ၇ သန်းဖိုး ဆေးဝါးအတု Interpol ဖမ်းမိ

Medicine
1/4 Medicine
အသေးစိတ် ဖတ်ရှုရန် Show less
Medicine
2/4 Medicine
အသေးစိတ် ဖတ်ရှုရန် Show less
Medicine
3/4 Medicine
အသေးစိတ် ဖတ်ရှုရန် Show less
Medicine
4/4 Medicine
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

Interpol နိုင်ငံတကာရဲတပ်ဖွဲ့က မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံပေါင်း ၁၃ နိုင်ငံကို လွှမ်းခြုံပြီး ပြုလုပ်ခဲ့တဲ့ စီမံချက်အတွင်း အမေရိကန် ဒေါ်လာ ၇ သန်း တန်ဖိုးရှိတဲ့ ဆေးဝါးအတုတွေ သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ကပြောပါတယ်။

Interpol အဖွဲ့ရဲ့ ဒေသတွင်း ဆေးဝါးအတု ဟန့်တားတိုက်ဖျက်ရေး အစီအစဉ်အတွင်း ပဋိဇေဝဆေး၊ သွေးတိုးကျဆေး ဆေးပြားတွေနဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေအထိ ဆေးဝါးအတုပေါင်းစုံကို ရာနဲ့ချီတဲ့ ဆေးဆိုင်တွေ ဈေးတွေ၊ အင်တာနက် အွန်လိုင်းကနေ ကနေ တဆင့် ရောင်းချနေတာတွေကို ဖော်ထုတ်နိုင်ခဲ့တာပါ။

နိုင်ငံတကာ ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ရဲတပ်ဖွဲ့နဲ့ ဆေးဝါးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီတွေ ပူးပေါင်းပါဝင်တဲ့ ဆေးဝါးအတု တိုက်ဖျက်ရေး စီမံချက်ဟာ ရာဇဝတ်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ တရားမဝင် ဆေးဝါးထုတ်လုပ်မှုတွေကို ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး စီမံချက်ကာလအတွင်း လူပေါင်း ၈၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ ဆေးရောင်းချတဲ့ ဆိုင်ပေါင်း ၅၀၀ နီးပါးနဲ့ ဈေးတွေအပြင် အွန်လိုင်းဆေးဆိုင် ဝဘ်ဆိုဒ်တွေကို စုံစမ်းစစ်ဆေးရာမှာ ဆေးဝါး ၂ တန်ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

Operation Storm VI လို့ အမည်ပေးထားတဲ့ စီမံချက်က ရာဇဝတ်ဂိုဏ်းတွေ ပါဝင် ပတ်သက်နေပြီး လူထုကျန်းမာရေးကို အန္တရာယ်ပြုစေတဲ့ ဆေးဝါးထုတ်လုပ်မှုတွေနဲ့ လူတွေရဲ့ လုံခြုံစိတ်ချရမှုအတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ Interpol ကမ္ဘာ့ကျန်းမာရေး လုံခြုံစိတ်ချစေရေးဌာန အကြီးအကဲ Aline Plancon က ပြောပါတယ်။ စီမံချက်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံအနေနဲ့ ၉ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၃၅ ဦးခန့်တို့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်က စုဝေးခဲ့ကြပြီး၊ စီမံချက်ရလဒ်တွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၊ အာရှ-ပစိဖိတ်အနောက်ဘက် ဒေသဆိုင်ရာရုံးခွဲအပြင် ဟောင်ကောင်အကောက်ခွန်နဲ့ တသီးပုဂ္ဂလိက လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြပါတယ်။

မြန်မာရဲတပ်ဖွဲ့ ဗိုလ်မှူးချုပ် စိုးမြိုင် က ဒီညီလာခံကနေ Interpol နဲ့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေ ဟာ ဆေးဝါးဆိုင်ရာ ရာဇဝတ်မှုတွေကို တားမြစ်ဖို့ ပူးပေါင်းဆောင်ရွက်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

စီမံချက်မှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG