သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိဘတွေနဲ့ခွဲထိန်းထားတဲ့ ကလေးတွေရှိတဲ့နေရာ သိရှိထားကြောင်း ကန်အစိုးရပြော


မက္ကဆီကို နယ်စပ်ကို ဖြတ်ပြီး အမေရိကန် ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်လာကြသူတွေထဲကနေ ဒီသတင်းပတ်တွေ အတွင်း မိဘတွေနဲ့ ခွဲခြား ထိန်းသိမ်းထားတဲ့ ကလေးငယ် ၂၀၅၃ ဦး ရှိနေတဲ့ နေရာတွေကို သိရှိထားပြီး အခုတော့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်ရေး ဆောင်ရွက်နေကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

ကလေးငယ် ၅၂၂ ဦးကတော့ မိဘတွေထံ ပြန်လည် အပ်နှံပြီး ဖြစ်တယ်လို့ အမိမြေလုံခြုံရေး ဝန်ကြီးဌာနက မနေ့ စနေနေ့ နှောင်းပိုင်းမှာ ပြောဆိုပါတယ်။ ဒီထဲက အများအပြားကတော့ အမေရိကန် နိုင်ငံတွင်း နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားမှုကို တရားရုံးကနေ ဆုံးဖြတ်ဖို့ ရှိနေတာကို စောင့်စားနေရတာနဲ့ အတူ ထိန်းသိမ်းရေး စခန်းတွေမျာ အတူ ရှိနေတယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါပေမယ့် ကျန်နေသေးတဲ့ ကလေးငယ်တွေ မိဘတွေနဲ့ ဘယ်အချိန်မှာ အမြန်ဆုံး ပြန်လည် ပေါင်းစည်းနိုင်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ တက္ကဆက် ပြည်နယ်တွင်းက မိဘတွေနဲ့ သားသမီးတွေ ပြန်လည်ပေါင်းစည်းနိုင်ရေး စင်တာ တခုကို ဖွင့်လှစ်လိုက်ပြီး တချို့ မိသားစုတွေကိုတော့ ဌာနေပြန်ပို့မယ့် အရေး ဦးတည်သွားနိုင်ခြေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG