သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်းမုန်တိုင်းအတွက် တရုတ်နိုင်ငံ ကြိုတင်ပြင်ဆင်


တရုတ်နိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတမ်းဆီကို Fanapi တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ် ဝင်ရောက်လာနေတာမို့ တရုတ်က အရေးပေါ် အစီအစဉ်တွေကို တိုးမြှင့် လုပ်နေပါတယ်။

မိုးလေဝသ ခန့်မှန်းသူတွေက မုန်တိုင်း သတိပေးချက်ကို ဒုတိယ အဆိုးဆုံး အဆင့်အထိ မြှင့်ခဲ့ပါတယ်။

ဒီနှစ်အတွင်း နိုင်ငံကို တိုက်ခတ်တဲ့ မုန်တိုင်းတွေအတွင်း Fanapi မုန်တိုင်းဟာ အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်လိမ့်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်က တံငါသည်တွေကို ကမ်းရိုးတန်းဘက် မသွားဖို့ သက်ဆိုင်ရာက အမိန့်ထုတ်ထားပါတယ်။

လူပေါင်း ၁၈၆,၀၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးထားပြီး စီးပွားရေး လုပ်ငန်းတွေကိုလည်း တနင်္ဂနွေနေ့က ပိတ်ထားခဲ့ပါတယ်။

ဒီနှစ်အတွက် ၁၁ ခုမြောက် Fanapi တိုင်ဖွန်းမုန်တိုင်းဟာ ဂွမ်ဒေါင်းပြည်နယ်ကို ရောက်တဲ့အခါ အပူပိုင်းမုန်တိုင်း အသွင်ပြောင်း အားလျော့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG