သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုတွေ ပပျောက်ရေး အကောင်အထည်ဖော်ဖို့ မြန်မာကို FATF တိုက်တွန်း


ရန်ကုန်မြို့ရှိ အဆောက်အဦးတွေ
ရန်ကုန်မြို့ရှိ အဆောက်အဦးတွေ

နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာဇဝတ်မှု ကျူးလွန်တဲ့နိုင်ငံတွေကို ဖော်ထုတ်နေတဲ့ FATF အဖွဲ့ရဲ့ စောင့်ကြည့်စာရင်းမှာ မြန်မာနိုင်ငံကို ဆက်လက် ထည့်သွားထားပြီး၊ အခြေအနေတွေ တိုးတက်အောင်လုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ငွေမည်းခဝါချတာတွေ အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုတွေမှာ အားနည်းချက်တွေက ရှိနေတာကို ပြင်ဆင်ဖို့ သတ်မှတ်ထားတဲ့အချိန်ကာလ ကျော်လာတဲ့အထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း FATF အဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်ထဲ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ဘဏ္ဍာငွေကြေး စနစ်တွေကို ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေ အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ရပ်တွေမှာ အသုံးမချနိုင်အောင် တားဆီးနိုင်ဖို့ အပါအဝင် တိုးတက်အောင် မလုပ်နိုင်သေးသမျှ စိတ်မချရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက် ထည့်သွင်းထားမှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သတ်မှတ်ထားတဲ့ FATF ရဲ့ Black List အမည်မည်း စာရင်းမှာတော့ မြန်မာနိုင်ငံအပြင်၊ အီရန်၊ မြောက်ကိုရီးယားနိုင်ငံတွေကိုလည်း ထည့်သွင်းထားပါတယ်။ အနီးကပ်စောင့်ကြည့်ဖို့ သတ်မှတ်ထားတဲ့ Grey List မီးခိုးရောင် စာရင်းမှာတော့ ဒီနှစ်မှာ အာရှတိုက်က ဗီယက်နမ်အပြင်၊ ကင်မရွန်းနဲ့ ခရိုအေးရှား နိုင်ငံတွေကို ထပ်မံထည့်သွင်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG