သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cincinnati မြို့ FBI ရုံးဝင်ရောက်ဖို့ ကြိုးစားသူ ပစ်သတ်ခံရ


 အိုဟိုင်းယိုးပြည်နယ်၊ Cincinnati မြို့က သေနတ်သမားတဦးအတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့  FBI ဖက်ဒရယ်အစိုးရ စုံစမ်းရေးဗျူရိုရုံး။ (သြဂုတ် ၁၁၊ ၂၀၂၂) 
 အိုဟိုင်းယိုးပြည်နယ်၊ Cincinnati မြို့က သေနတ်သမားတဦးအတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့  FBI ဖက်ဒရယ်အစိုးရ စုံစမ်းရေးဗျူရိုရုံး။ (သြဂုတ် ၁၁၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် Cincinnati မြို့ FBI ဖယ်ဒရယ်အစိုးရ စုံစမ်းရေးဗျူရိုရုံးထဲကို မနေ့တုန်းက ဇွတ်အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ လက်နက်ကိုင်အမျိုးသားကို Ohio ပြည်နယ် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်း နှစ်ဘက် အပြန်အလှန်ထိပ်တိုက်တွေ့ပြီးတဲ့နောက် ရဲက ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ကြေညာပါတယ်။

သေဆုံးသူဟာ အသက် ၄၂ နှစ်အရွယ် Ricky Shiffer ဖြစ်ပြီး သူ့ကို ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် ရဲအရာရှိကို သေနတ်နဲ့ ချိန်ရွယ်ခဲ့တဲ့နောက် ပစ်ခတ်ဖမ်းဆီးလိုက် တာလို့လည်း ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သူဟာ မနှစ်က ဇန်နဝါရီလ ၆ ရက်၊ အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့တဲ့အချိန် ဆန္ဒပြတာမှာ ပါဝင်ကောင်း ပါဝင်နိုင်ကြောင်းနဲ့ လွှတ်တော်စီးနင်းမှုနဲ့ ဆက်စပ်ပြီး ပြစ်မှုတစုံတရာနဲ့ တရားစွဲဆိုထားတာတော့ မရှိတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရဲအရာရှိတွေက အသေးစိတ် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

အခု FBI ရုံးကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Shiffer ဟာ Proud Boys လို လက်ယာအစွန်းရောက်အဖွဲ့တွေ၊ တခြား အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ် သက်မှု ရှိမရှိ ဖက်ဒရယ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

သမ္မတဟောင်း Donald Trump ရဲ့ ဖလော်ရီဒါ နေအိမ်မှာ အိမ်ဖြူတော်က လျှို့ဝှက် မှတ်တမ်းမှတ်တရာတွေ ယူဆောင်သွားခြင်း ရှိမရှိ FBI က တနင်္လာနေ့က ရှာဖွေခဲ့ပြီးတဲ့နောက် အွန်လိုင်းကနေ ခြိမ်းခြောက်မှုတွေ ပိုရှိလာတယ်လို့ FBI အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]







XS
SM
MD
LG