သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂရက် အဆောက်အဦ ဗုံးခွဲဖို့ကြံသူ ကန်ဖမ်းဆီး


ကွန်ဂရက် အဆောက်အဦ ဗုံးခွဲဖို့ကြံသူ-Christopher Lee Cornell။
ကွန်ဂရက် အဆောက်အဦ ဗုံးခွဲဖို့ကြံသူ-Christopher Lee Cornell။

အမေရိကန်နိုင်ငံ ဝါရှင်တန်မှာရှိတဲ့ US Capitol အဆောက်အအုံနဲ့ ဝန်ထမ်းတွေ ကို သေနတ်နဲ့ ပစ်ဖို့ကြံစည်တယ်လို့ စွပ်စွဲခံထားရတဲ့ Ohio ပြည်နယ်က လူတဦးကို ဗဟိုထောက်လှမ်းရေး အေဂျင်စီFBI ကဖမ်းဆီးလိုက်ပါတယ်။ Christopher Cornell ကို Cincinnati သေနတ်ဆိုင်ကနေ လက်နက် ခဲယမ်းတွေကို ဗုဒ္ဓဟူးနေ့မှာ ဝယ်ယူအပြီးမှာ ဖမ်းဆီးလိုက်တာပါ။ အမေရိကန် အစိုးရ အရာရှိကို သတ်ဖို့ကြံစည်မှု၊ လက်နက်ခဲယမ်းပိုင်ဆိုင်မှုတွေ နဲ့ သူ့ကို အစိုးရ တရားရုံးက စွဲချက်တင်ထားပါတယ်။

တရားရုံးရဲ့ စာရွက်စာတမ်းကဖော်ပြချက်အရ မစ္စတာ Cornell ဟာ ကွန်ဂရက် လွတ်တော်အဖွဲ့ဝင်တွေကို ရန်သူအဖြစ်သဘောထားတယ်လို့ FBI ကို သတင်းပေးတဲ့သူကို ပြောဆိုခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။ ဒါ့အပြင် အဲ့ဒီ သတင်းပေးကို သူက ဆက်ပြောရာမှာတော့ အစိုးရရုံးစိုက်ရာ ဝါရှင်တန်ကိုသွားပြီး US Capitol ကို ဗုံးခွဲမယ့်အကြောင်းနဲ့ အဲ့ဒီမှာ ရှိနေတဲ့သူတွေကိုလည်း သေနတ်နဲ့ ပစ်ဖို့ ကြံစည်ထားတယ် လို့ ဆိုပါတယ်။

တဆက်ထဲမှာဘဲ မစ္စတာ Cornwell က သူ့အကြံအစည်အတွက် ပြည်ပက လူတွေနဲ့ အဆက်အသွယ်ရှိတဲ့ အကြောင်းနဲ့ ဒီလိုတိုက်ခိုက်ခြင်းဖြင့် IS အဖွဲ့ကို ထောက်ခံမှုပြသရာ ရောက်တယ်လို့ သူယုံကြည်တယ်လို့လည်း တရားရုံးရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။ မစ္စတာ Cornwell ရဲ့ကွန်ပျူတာထဲမှာ ဗုံးလုပ်နည်းနဲ့ အစ္စလာမ်မစ် ဂျီဟတ် တို့ရဲ့ ဗွီဒီယိုဖိုင်ကိုလည်း တွေ့ရတယ်လို့ FBI ကပြောပါတယ်။

XS
SM
MD
LG