အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ရဲ႕ အိမ္ကို ဖက္ဒရယ္စုံစမ္းေထာက္လွမ္းေရးဗ်ဴ႐ို FBI က ဝင္ေရာက္႐ွာေဖြရာမွာ လွ်ဳိ ႔ဝွက္အဆင့္ သတ္မွတ္ စာ႐ြက္စာတမ္းေတြကို ထပ္မံေတြ႔႐ွိရပါတယ္။ ေသာၾကာေန႔က Delaware ျပည္နယ္ Wilmington ၿမိဳ႕ကအိမ္ကို အခုလို ႐ွာေဖြခဲ့ရာမွာ ၁၃ နာရီနီးနီး ၾကာခဲ့တယ္လို႔ သမၼတဘိုင္ဒင္ရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ ေ႐ွ႕ေန Bob Bauer က ဇန္နဝါရီ ၂၁ ရက္၊စေနေန႔က ေျပာပါတယ္။
အခုလို ႐ွာေဖြဖို႔ သမၼတကိုယ္တိုင္က သေဘာတူခဲ့တာပါ။ စာ႐ြက္စာတမ္း ၆ ခု ကို ေတြ႔႐ွိခဲ့ၿပီး၊ ဂ်ိဳးဘိုင္ဒင္ အထက္လႊတ္ေတာ္ဘဝကေန၊ ဒုတိယသမၼတအျဖစ္ တာဝန္ထမ္းေဆာင္စဥ္ ကာလအတြင္းက စာ႐ြက္စာတမ္းေတြ ျဖစ္တယ္လို႔ သူ႔ရဲ႕ေ႐ွ႕ေနက ေျပာပါတယ္။ အဲဒီ စာ႐ြက္စာတမ္းေတြထဲမွာ ဒုတိယသမၼတအျဖစ္ ေရးမွတ္ခဲ့တဲ့ မွတ္စုေတြလည္း ပါဝင္ပါတယ္။
႐ွာေဖြေနစဥ္မွာ သမၼတနဲ႔ သူ႔ဇနီးတို႔ဟာ အိမ္မွာမ႐ွိၾကဘဲ၊ Delaware ျပည္နယ္မွာပဲ ႐ွိတဲ့ Rehoboth ကမ္းေျခကို ေရာက္႐ွိေနၾကပါတယ္။
ဒီ ကမ္းေျခအိမ္ကိုလည္း သမၼတဘိုင္ဒင္ရဲ႕ ကိုယ္ေရးေ႐ွ႕ေနက ႐ွာေဖြၿပီးပါၿပီ။ ေတြ႔႐ွိတဲ့ စာ႐ြက္စာတမ္းေတြကိုလည္း ခ်က္ခ်င္း ေမာ္ကြန္းတိုက္ကို အပ္ႏွံခဲ့ၿပီး၊ တရားေရးဌာနနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း ကယ္လီဖိုးနီးယားကို သြားခဲ့တဲ့ ခရီးအတြင္း ဇန္နဝါရီ ၁၉ ရက္၊ ၾကာသပေတးေန႔က သမၼတဘိုင္ဒင္က ေျပာခဲ့ပါတယ္။ အခုလို ေတြ႔႐ွိတာေတြက ၂၀၂၄ ခုႏွစ္မွာ ေ႐ြးေကာက္ပြဲ ျပန္ဝင္ဖို႔႐ွိေနတဲ့ သမၼတဘိုင္ဒန္ကို ႏိုင္ငံေရးအရ ထိခိုက္ေစႏိုင္ပါတယ္။
=== Unicode ====
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အိမ်ကို ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို FBI က ဝင်ရောက်ရှာဖွေရာမှာ လျှို့ဝှက်အဆင့် သတ်မှတ် စာရွက်စာတမ်းတွေကို ထပ်မံတွေ့ရှိရပါတယ်။ သောကြာနေ့က Delaware ပြည်နယ် Wilmington မြို့ကအိမ်ကို အခုလို ရှာဖွေခဲ့ရာမှာ ၁၃ နာရီနီးနီး ကြာခဲ့တယ်လို့ သမ္မတဘိုင်ဒင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှေ့နေ Bob Bauer က ဇန်နဝါရီ ၂၁ ရက်၊စနေနေ့က ပြောပါတယ်။
အခုလို ရှာဖွေဖို့ သမ္မတကိုယ်တိုင်က သဘောတူခဲ့တာပါ။ စာရွက်စာတမ်း ၆ ခု ကို တွေ့ရှိခဲ့ပြီး၊ ဂျိုးဘိုင်ဒင် အထက်လွှတ်တော်ဘဝကနေ၊ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်းက စာရွက်စာတမ်းတွေ ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ အဲဒီ စာရွက်စာတမ်းတွေထဲမှာ ဒုတိယသမ္မတအဖြစ် ရေးမှတ်ခဲ့တဲ့ မှတ်စုတွေလည်း ပါဝင်ပါတယ်။
ရှာဖွေနေစဉ်မှာ သမ္မတနဲ့ သူ့ဇနီးတို့ဟာ အိမ်မှာမရှိကြဘဲ၊ Delaware ပြည်နယ်မှာပဲ ရှိတဲ့ Rehoboth ကမ်းခြေကို ရောက်ရှိနေကြပါတယ်။
ဒီ ကမ်းခြေအိမ်ကိုလည်း သမ္မတဘိုင်ဒင်ရဲ့ ကိုယ်ရေးရှေ့နေက ရှာဖွေပြီးပါပြီ။ တွေ့ရှိတဲ့ စာရွက်စာတမ်းတွေကိုလည်း ချက်ချင်း မော်ကွန်းတိုက်ကို အပ်နှံခဲ့ပြီး၊ တရားရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ကယ်လီဖိုးနီးယားကို သွားခဲ့တဲ့ ခရီးအတွင်း ဇန်နဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့က သမ္မတဘိုင်ဒင်က ပြောခဲ့ပါတယ်။ အခုလို တွေ့ရှိတာတွေက ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ရှိနေတဲ့ သမ္မတဘိုင်ဒန်ကို နိုင်ငံရေးအရ ထိခိုက်စေနိုင်ပါတယ်။