သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Trump အိမ္ FBI ရွာေဖြမႈ ျပန္စုံစမ္းေရး ရီပတ္ဗလစ္ကန္အမတ္တခ်ိဳ႕ ေတာင္းဆို 


အေမရိကန္သမၼတေဟာင္း Donald Trump ရဲ႕ဖေလာ္ရီဒါျပည္နယ္က Mar-a-Lago စံအိမ္ (ၾသဂုတ္ ၁၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္သမၼတေဟာင္း Donald Trump ရဲ႕ ဖေလာ္ရီဒါေနအိမ္ကို ဖက္ဒရယ္စုံစမ္းေရး ဗ်ဴ႐ို FBI က ဝင္ေရာက္ရွာေဖြတာနဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးႏိုင္ေရး လႊတ္ေတာ္မွာ Donald Trump နဲ႔ လက္တြဲဘက္ ရီပတ္ဗလစ္ကန္မဟာမိတ္ေတြ မူေဘာင္ေတြ ခ်မွတ္ေဆာင္႐ြက္ေနပါတယ္။

တခ်ိန္တည္းမွာ သူ႔ရဲ႕ေနအိမ္ကို FBI က ဝင္ေရာက္ရွာေဖြတာဟာ သက္ေသအေထာက္အထားမရွိဘဲ တမင္အကြက္ဆင္တဲ့လုပ္ရပ္ဆိုတာမ်ိဳး Fox News Digital နဲ႔ေတြ႔ဆုံေမးျမန္းခန္းမွာ သမၼတေဟာင္းထရမ့္က ေျပာဆိုသြားပါတယ္။ ဥပေဒစိုးမိုးေရးအရာရွိေတြကိုသုံးၿပီး သမၼတေဟာင္းတေယာက္ရဲ႕ေနအိမ္ကို အတင္းခ်ိဳးဝင္ေရာက္ခိုင္းတဲ့အထိ မႀကဳံဘူးေလာက္ေအာင္ ေဒါသေတြ ႀကီးေနၾကတဲ့၊ တိုင္းျပည္အတြက္ အႏၲရယ္ႀကီးမားတဲ့ အခ်ိန္ျဖစ္တယ္လို႔ ဖေလာ္ရီဒါျပည္နယ္ Mar-a-Lago စံအိမ္ကို ဝင္ေရာက္ရွာေဖြခံရၿပီး ပထမဆုံး ေတြ႕ဆုံေမးျမန္းခန္းမွာ Donald Trump ေျပာဆိုပါတယ္။

FBI အရာရွိေတြက ဖယ္ဒရယ္တရားသူႀကီးတဦး အတည္ျပဳထားတဲ့ ရွာေဖြခြင့္ပုံစံနဲ႔ ဝင္ေရာက္ခဲ့တာပါ။ အမ်ိဳးသားလုံၿခဳံေရးနဲ႔ သက္ဆိုင္ရာတဲ့ အခ်က္အလက္ေတြကို ထိန္းသိမ္းခြင့္ ဖယ္ဒရယ္ ဥပေဒေတာ္ေတာ္မ်ားပါ အခ်က္ေတြအျပင္ သူလွ်ိဳမႈကိုပါ က်ဳးလြန္တယ္လို႔ စုံစမ္းစစ္ဆးသူေတြဘက္က ယုံၾကည္တဲ့ ရွာေဖြခြင့္ျဖစ္ပါတယ္။ သူလွ်ိဳမႈဆိုတာ ႏိုင္ငံျခားေရး အစိုးရေတြဆီကို သတင္းေပးဖို႔ ရည္႐ြယ္ခ်က္ မရွိရင္ေတာင္ လ်ိဳ႕ဝွက္မွတ္တမ္းမွတ္ရာေတြအေပၚ စီမံခန႔္ခြဲမႈ မွားယြင္းတာမ်ိဳးလည္း အက်ဳံးဝင္တာပါ။

သမၼတေဟာင္း Trump က သူ႔ဘက္က တိုင္းျပည္အတြက္ ကူညီေဆာင္႐ြက္ပါ့မယ္လို႔ တရားေရးဌာနကို ကိုယ္စားလွယ္ေတြကတဆင့္ ဆက္သြယ္ထားေပမယ့္ အေၾကာင္းျပန္ၾကားခ်က္ မရေသးဘူးလို႔လည္း ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

Trump အိမ် FBI ရှာဖွေမှု ပြန်စုံစမ်းရေး ရီပတ်ဗလစ်ကန်အမတ်တချို့ တောင်းဆို

အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ ဖလော်ရီဒါနေအိမ်ကို ဖက်ဒရယ်စုံစမ်းရေး ဗျူရို FBI က ဝင်ရောက်ရှာဖွေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနိုင်ရေး လွှတ်တော်မှာ Donald Trump နဲ့ လက်တွဲဘက် ရီပတ်ဗလစ်ကန်မဟာမိတ်တွေ မူဘောင်တွေ ချမှတ်ဆောင်ရွက်နေပါတယ်။

တချိန်တည်းမှာ သူ့ရဲ့နေအိမ်ကို FBI က ဝင်ရောက်ရှာဖွေတာဟာ သက်သေအထောက်အထားမရှိဘဲ တမင်အကွက်ဆင်တဲ့လုပ်ရပ်ဆိုတာမျိုး Fox News Digital နဲ့တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဟောင်းထရမ့်က ပြောဆိုသွားပါတယ်။ ဥပဒေစိုးမိုးရေးအရာရှိတွေကိုသုံးပြီး သမ္မတဟောင်းတယောက်ရဲ့နေအိမ်ကို အတင်းချိုးဝင်ရောက်ခိုင်းတဲ့အထိ မကြုံဘူးလောက်အောင် ဒေါသတွေ ကြီးနေကြတဲ့၊ တိုင်းပြည်အတွက် အန္တရယ်ကြီးမားတဲ့ အချိန်ဖြစ်တယ်လို့ ဖလော်ရီဒါပြည်နယ် Mar-a-Lago စံအိမ်ကို ဝင်ရောက်ရှာဖွေခံရပြီး ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ Donald Trump ပြောဆိုပါတယ်။

FBI အရာရှိတွေက ဖယ်ဒရယ်တရားသူကြီးတဦး အတည်ပြုထားတဲ့ ရှာဖွေခွင့်ပုံစံနဲ့ ဝင်ရောက်ခဲ့တာပါ။ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်ရာတဲ့ အချက်အလက်တွေကို ထိန်းသိမ်းခွင့် ဖယ်ဒရယ် ဥပဒေတော်တော်များပါ အချက်တွေအပြင် သူလျှိုမှုကိုပါ ကျုးလွန်တယ်လို့ စုံစမ်းစစ်ဆးသူတွေဘက်က ယုံကြည်တဲ့ ရှာဖွေခွင့်ဖြစ်ပါတယ်။ သူလျှိုမှုဆိုတာ နိုင်ငံခြားရေး အစိုးရတွေဆီကို သတင်းပေးဖို့ ရည်ရွယ်ချက် မရှိရင်တောင် လျို့ဝှက်မှတ်တမ်းမှတ်ရာတွေအပေါ် စီမံခန့်ခွဲမှု မှားယွင်းတာမျိုးလည်း အကျုံးဝင်တာပါ။

သမ္မတဟောင်း Trump က သူ့ဘက်က တိုင်းပြည်အတွက် ကူညီဆောင်ရွက်ပါ့မယ်လို့ တရားရေးဌာနကို ကိုယ်စားလှယ်တွေကတဆင့် ဆက်သွယ်ထားပေမယ့် အကြောင်းပြန်ကြားချက် မရသေးဘူးလို့လည်း တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG