သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆူဒန္မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ အာဏာသိမ္းစစ္တပ္နဲ႔ အတိုက္အခံေတြၾကား သေဘာတူ


Sudan

[[Zawgyi/Unicode]]

ဆူဒန္ႏိုင္ငံရဲ႕ အာဏာရဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားမႈအဓိကအုပ္စုတို႔ၾကားမွာ ေ႐ြးေကာက္ပြဲေတြ က်င္းပဖို႔ မူေဘာင္သေဘာတူညီခ်က္တရပ္ကို လက္မွတ္ေရးထိုးလိုက္ၾကပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ သူပုန္အုပ္စုေတြနဲ႔ ျပဳျပင္ေျပာင္းလဲေရးသမားေတြအပါအဝင္ ေသာ့ခ်က္က်တဲ့ အတိုက္အခံေတြကေတာ့ သပိတ္ေမွာက္လိုက္ၾကပါတယ္။

သေဘာတူညီခ်က္အရ အရပ္ဘက္ကဦးေဆာင္တဲ့ အကူးအေျပာင္းအစိုးရတရပ္ကို ဖြဲ႕စည္းၿပီး ေ႐ြးေကာက္ပြဲေတြကို က်င္းပဖို႔ပါ။ ၂၀၂၁ ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆူဒန္ႏိုင္ငံရဲ႕ ဒီမိုကေရစီ အကူးအေျပာင္း ရပ္ဆိုင္းသြားခဲ့ရာက လမ္းေၾကာင္းျပန္ေပၚလာတာ ျဖစ္ပါတယ္။

မူေဘာင္ကို လြတ္လပ္ခြင့္နဲ႔အေျပာင္းအလဲေၾကညာေရးအင္အားစု (FDFC) နဲ႔ စစ္တပ္ဘက္က ဗိုလ္ခ်ဳပ္ႀကီး ႏွစ္ဦးျဖစ္ၾကတဲ့ Abdel-Fattah Burhan နဲ႔ Mohammed Hamdan Dagalo တို႔က လက္မွတ္ေရးထိုးၾကတာပါ။ သူပုန္ေဟာင္းေတြနဲ႔ ခုခံေရးေကာ္မတီမ်ားလို႔သိၾကတဲ့ ေအာက္ေျခ ဒီမိုကေရစီေရးလႈပ္ရွားမႈကြန္ယက္အပါအဝင္ ဆူဒန္ႏိုင္ငံရဲ႕ အခရာက်တဲ့ ႏိုင္ငံေရး အင္အားစုေတြကေတာ့ အဲဒီ မူေဘာင္ကို ပယ္ခ်လိုက္ၾကပါတယ္။

သေဘာတူညီခ်က္ဟာ စက္တင္ဘာလတုန္းက ဆူဒန္ေရွ႕ေနမ်ားအသင္းက အဆိုျပဳခဲ့တဲ့ အကူးအေျပာင္းဆိုင္ရာ ဖြဲ႕စည္းပုံမူၾကမ္းေပၚမွာ အေျခခံထားတာ ျဖစ္ပါတယ္။ သေဘာတူညီခ်က္မွာ အကူးအေျပာင္းဆိုင္ရာ တရားမွ်တမႈနဲ႔ စစ္တပ္ျပဳျပင္ေျပာင္းလဲေရးေတြ မပါဝင္ၾကပါဘူး။ ဒီ အေၾကာင္းအရာေတြဟာ ေနာင္မွာ ေဆြးေႏြးၿပီး သေဘာတူညီမႈရယူရမယ့္ အေၾကာင္းအရာအျဖစ္ပဲ သတ္မွတ္ထားပါတယ္။ လက္ရွိ သေဘာတူညီခ်က္မွာေတာ့ အသစ္ခန႔္ထားမယ့္ဝန္ႀကီးခ်ဳပ္ေအာက္က လုံၿခဳံေရးနဲ႔ ကာကြယ္ေရး ေကာင္စီ မွာ စစ္တပ္က ပါဝင္မွာျဖစ္ပါတယ္။

တနလၤာေန႔က လက္မွတ္ေရးထိုးပြဲကို ကုလသမဂၢရဲ႕ ဆူဒန္ႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Volker Perthes လည္း တက္ေရာက္ခဲ့ၿပီး ဒီ သေဘာတူညီခ်က္ဟာ ဆူဒန္ ပိုင္၊ ဆူဒန္ကပဲ ဦးေဆာင္တဲ့သေဘာတူညီခ်က္ျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]


ဆူဒန်မှာ ရွေးကောက်ပွဲကျင်းပဖို့ အာဏာသိမ်းစစ်တပ်နဲ့ အတိုက်အခံတွေကြား သဘောတူ

ဆူဒန်နိုင်ငံရဲ့ အာဏာရဗိုလ်ချုပ်ကြီးတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအဓိကအုပ်စုတို့ကြားမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ မူဘောင်သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ဒါပေမဲ့ တချို့ သူပုန်အုပ်စုတွေနဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေအပါအဝင် သော့ချက်ကျတဲ့ အတိုက်အခံတွေကတော့ သပိတ်မှောက်လိုက်ကြပါတယ်။

သဘောတူညီချက်အရ အရပ်ဘက်ကဦးဆောင်တဲ့ အကူးအပြောင်းအစိုးရတရပ်ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲတွေကို ကျင်းပဖို့ပါ။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆူဒန်နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်း ရပ်ဆိုင်းသွားခဲ့ရာက လမ်းကြောင်းပြန်ပေါ်လာတာ ဖြစ်ပါတယ်။

မူဘောင်ကို လွတ်လပ်ခွင့်နဲ့အပြောင်းအလဲကြေညာရေးအင်အားစု (FDFC) နဲ့ စစ်တပ်ဘက်က ဗိုလ်ချုပ်ကြီး နှစ်ဦးဖြစ်ကြတဲ့ Abdel-Fattah Burhan နဲ့ Mohammed Hamdan Dagalo တို့က လက်မှတ်ရေးထိုးကြတာပါ။ သူပုန်ဟောင်းတွေနဲ့ ခုခံရေးကော်မတီများလို့သိကြတဲ့ အောက်ခြေ ဒီမိုကရေစီရေးလှုပ်ရှားမှုကွန်ယက်အပါအဝင် ဆူဒန်နိုင်ငံရဲ့ အခရာကျတဲ့ နိုင်ငံရေး အင်အားစုတွေကတော့ အဲဒီ မူဘောင်ကို ပယ်ချလိုက်ကြပါတယ်။

သဘောတူညီချက်ဟာ စက်တင်ဘာလတုန်းက ဆူဒန်ရှေ့နေများအသင်းက အဆိုပြုခဲ့တဲ့ အကူးအပြောင်းဆိုင်ရာ ဖွဲ့စည်းပုံမူကြမ်းပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ သဘောတူညီချက်မှာ အကူးအပြောင်းဆိုင်ရာ တရားမျှတမှုနဲ့ စစ်တပ်ပြုပြင်ပြောင်းလဲရေးတွေ မပါဝင်ကြပါဘူး။ ဒီ အကြောင်းအရာတွေဟာ နောင်မှာ ဆွေးနွေးပြီး သဘောတူညီမှုရယူရမယ့် အကြောင်းအရာအဖြစ်ပဲ သတ်မှတ်ထားပါတယ်။ လက်ရှိ သဘောတူညီချက်မှာတော့ အသစ်ခန့်ထားမယ့်ဝန်ကြီးချုပ်အောက်က လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ မှာ စစ်တပ်က ပါဝင်မှာဖြစ်ပါတယ်။

တနင်္လာနေ့က လက်မှတ်ရေးထိုးပွဲကို ကုလသမဂ္ဂရဲ့ ဆူဒန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Volker Perthes လည်း တက်ရောက်ခဲ့ပြီး ဒီ သဘောတူညီချက်ဟာ ဆူဒန် ပိုင်၊ ဆူဒန်ကပဲ ဦးဆောင်တဲ့သဘောတူညီချက်ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG