သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ ကြိုဆို


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ ကြိုဆို

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း နေအိမ်အကျယ်ချုပ် စုစုပေါင်း ၁၅ နှစ်လောက် ကျခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုနောက်ဆုံးတခေါက် နေအိမ်အကျယ်ချုပ်ကနေ နိုဝင်ဘာလ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အခုလို ပြန်လွတ်လာတဲ့သတင်းကို ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရောင်းရင်း အမျိုးသမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေ လည်း ပါဝင်ပါတယ်။ ၁၉၇၇ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အိုင်ယာလန်နိုင်ငံသူ Mairead Maguire ကို ဆက်သွယ်မေးမြန်း ပြီး အခုထုတ်လွှင့်ပေးမယ့် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စီစဉ်တင်ဆက်ထားပါတယ်ရှင်။

XS
SM
MD
LG