{{Zawgyi/Unicode}}
အမေရိကန် စာနယ်ဇင်းသမား Danny Fenster ဟာ အင်္ဂါနေ့ညဘက်က မီရှီဂန်ပြည်နယ်၊ Huntington Woods မြို့က သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပါတယ်။
သူ့ရဲ့ဇနီးဖြစ်သူကတော့ မြန်မာနိုင်ငံမှာ ကျန်နေခဲ့ပြီး သိပ်မကြာခင်မှာ ပြန်လာဖို့ လေယာဉ်လက်မှတ် ဝယ်ပြီးပြီလို့ ဒေသတွင်းသတင်းဌာနတခုကို Fenster က ပြောတဲ့အကြောင်း အေပီသတင်းမှာ ရေးထားပါတယ်။
Danny Fenster ဟာ မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ကနေ ပြန်ထွက်ဖို့ လေဆိပ်ရောက်တဲ့အချိန် စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရပြီးတဲ့နောက် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြစ်ဒဏ်အားလုံးကနေ လွတ်ငြိမ်းခွင့်ပေးပြီးတော့ ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
Fenster လွတ်မြောက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Rihcardson က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူနဲ့ကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာက Fenster လွတ်မြောက်ရေးအတွက် အဓိက အကြောင်းရင်း တခုဖြစ်တယ်လို့ အင်္ဂါနေ့ကပြောပါတယ်။
ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hideo Watanabe၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်နဲ့ နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yohei Sasakawa နဲ့ နယူး မက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေး မှူးဟောင်းနဲ့ ကမ ္ဘာလုံးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး Richardson Center ဥက္ကဋ္ဌ Bill Richardson တို့ရဲ့ မေတ္တာ ရပ်ခံချက်အရ လူသားစာနာမှုကို အလေးထားတဲ့အနေနဲ့ Danny Fenster ကို ပြန်လွှတ်ပေးခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
=============
{{Unicode}}
#DannyFenster#BillRichardson#HideoWatanabe#Sasakawa#FrontierMyanmar#MilitaryCoup
=============