သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ferguson မြို့ အရေးပေါ် အခြေအနေ ဆက်လက်ချထားဆဲ


အမေရိကန်နိုင်ငံ အလယ်ပိုင်း Missouri ပြည်နယ်၊ Ferguson မြို့မှာ ဆယ်ကျော်သက်အရွယ် လူမဲတဦးကို လူဖြူရဲအရာရှိက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ တနှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ခဲ့ပြီးနောက် ဒုတိယနေ့အဖြစ် အကြမ်းဖက် ဆူပူမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အတွက် အင်္ဂါနေ့အထိ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

St. Louis မြို့လယ်မှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ဆန္ဒပြသူ ၂ ဒါဇင်လောက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံပေမဲ့ ရဲအရာရှိတွေရဲ့ အမိန့်ကို မနာခံတဲ့ သွေးထိုး လှုံ့ဆော်သူတွေအနေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရမယ်လို့ Twitter လူမှုကွန်ယက်ကတဆင့် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

Ferguson မြို့ လမ်းတွေပေါ်မှာ လူမဲဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း ဝတ်စုံတွေ အပြည့်ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အထဲကို သူတို့ကိုယ်သူတို့ Oath Keepers လို့ခေါ်တဲ့ လူဖြူ စစ်သွေးကြွအုပ်စုတွေက ကျည်ကာအင်္ကျီတွေ ဝတ်ဆင်ပြီး ရိုင်ဖယ်သေနတ်တွေ၊ ပစ္စတိုတွေနဲ့ ဝင်ရောက်လာတဲ့အတွက် အခြေအနေတွေ ပိုမို ရှုပ်ထွေးလာခဲ့ပါတယ်။

သူတို့အနေနဲ့ အကြမ်းဖက် ဆူပူ လုယက်သူတွေ လက်ကနေ Ferguson မြို့က စီးပွားလုပ်ငန်းတွေကို အကာကွယ်ပေးဖို့ ရောက်လာခြင်းဖြစ်ကြောင်း အစိုးရကို ဆန့်ကျင်တဲ့ အဲဒီ တက်ကြွ လှုပ်ရှားသူတွေက ပြောပေမဲ့ St. Louis ခရိုင် ရဲမှူးကြီး Jon Belmar ကတော့ သူတို့အနေနဲ့ အဲဒီကို လာဖို့ မလိုအပ်ကြောင်းနဲ့ သူတို့လာတာဟာ အခြေအနေတွေကို ပိုမို ဆိုးရွားစေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG