သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ferguson ဆန္ဒပြမှု တတိယနေ့ဆက်ဖြစ်ပွား


Missouri ပြည်နယ် Ferguson မြို့မှာ အာဖရိကန်-အမေရိကန် လူငယ်တယောက် သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့ လူဖြူရဲအရာရှိကို စွဲချက်တင်မှာ မဟုတ်ဘူးလို့ ဂျူရီအဖွဲ့ဝင်တွေက ဆုံးဖြတ်ခဲ့ပြီးနောက် ၃ ရက်မြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြနေကြပါတယ်။

ဗုဒ္ဓဟူးနေ့က St. Louis မြို့တော်ခန်းမရှေ့မှာ ရာပေါင်းများစွာ စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ လူစုခွဲဖို့ ငြင်းဆန်ခဲ့သူ ၃ ဦးကို ရဲတွေက ထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၁ ဦးကို ခုခံတိုက်ခိုက်မှုနဲ့ စွဲချက်တင်ထားပါတယ်။

ရဲအရာရှိ Darren Wilson က အသက် ၁၈ နှစ်အရွယ် Michael Brown ကို သြဂုတ်လအတွင်းက ပစ်ခတ်ခဲ့တာကြောင့် Michael Brown သေဆုံးသွားပြီးနောက် Ferguson မြို့မှာ အခြေအနေတွေ တင်းမာခဲ့ပါတယ်။

လူမည်းအများစု နေထိုင်တဲ့ St. Louis မြို့ကြီးရဲ့ ဆင်ခြေဖုံးမှာ ရဲအရာရှိတွေရဲ့ အကြမ်းဖက် ကိုင်တွယ်မှုနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သတ်လို့လည်း စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဗုဒ္ဓဟူးနေ့ညဘက်ထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၅၈ ဦးအထိ တိုးမြင့်လာပြီး အဲဒီထဲက ၁၃ ဦးဟာ အင်္ဂါနေ့ညက ဆန္ဒပြခဲ့သူတွေ ဖြစ်ပါတယ်။

Ferguson မြို့မှာ အရံတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကို စေလွှတ်ထားတဲ့အတွက် အရင်နေ့ကလို တင်းမာမှုတွေ မဖြစ်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတဝှမ်း New York, Boston, Los Angeles, Portland နဲ့ Dallas မြို့တွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပြီးနောက် အခြေအနေတွေ အေးဆေးတည်ငြိမ်လာပါတယ်။

XS
SM
MD
LG