သုံးရလွယ်ကူစေသည့် Link များ

Ferguson ပစ်ခတ်မှု ၁ နှစ်ပြည့်အထိမ်းအမှတ် ချီတက်


Family, friends and supporters pause for a moment of silence at a memorial to Michael Brown, Sunday, Aug. 9, 2015, in Ferguson, Missouri.
Family, friends and supporters pause for a moment of silence at a memorial to Michael Brown, Sunday, Aug. 9, 2015, in Ferguson, Missouri.

Missouri ပြည်နယ် Ferguson မှာ လူဖြူရဲအရာရှိတဦးပစ်ခတ်ခဲ့မှုကြောင့် အသက် (၁၈)နှစ်အရွယ် အာဖရိကန်-အမေရိကန်နွယ်ဖွား Michael Brown သေဆုံးသွားတဲ့နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့က လူတွေစုဝေး ချီတက်ပြီး ခဏတာငြိမ်သက်ပြုခဲ့ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ်လ (၉) ရက်နေ့ လက်နက်မပါတဲ့ ဆယ်ကျော်သက်အရွယ် အာဖရိကန်-အမေရိကန်နွယ်ဖွား လူငယ်ကို Fergusion လူဖြူရဲအရာရှိ Darren Wilson သေနတ်နဲ့ပစ်ခဲ့တဲ့နေရာကနေ ဒီချီတက်ပွဲကို စတင်ခဲ့တာပါ။ Michael Brown သေဆုံးပြီးနောက် St. Louis မြို့ကနေ တနိုင်ငံလုံးထိ ပျံ့န့ှံသွားတဲ့ ဆန္ဒပြပွဲတွေကနေ ရဲတွေအနေနဲ့ လူနည်းစုတွေအပေါ် ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးအတွက် တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

Brown ရဲ့ဖခင်ဖြစ်သူ Michael Brown Sr., က ဆန္ဒပြသူတွေကို (၄) မိနစ်ခွဲငြိမ်သက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ သူ့သားဖြစ်သူ အနေနဲ့ အပစ်ခံရပြီးနောက် သေနေတဲ့ခန္ဓာကိုယ်ဟာ လမ်းမပေါ်မှာ (၄) နာရီခွဲ ပတ်ဝန်းကျင်လောက်ရှိနေခဲ့တဲ့အချိန်နဲ့နှိုင်းယှဉ်ပြီး အောက်မေ့ဖို့ ဖြစ်တယ်လို့ သူကပြောပါတယ်။

သူ့သားသေဆုံးမှုကြောင့် မိသားစုအနေနဲ့ ဝမ်းနည်းကြေကွဲနေရဆဲဖြစ်ပေမဲ့ သူ့သားအသတ်ခံရမှုကြောင့် ရဲတွေရဲ့ပစ်ခတ်မှုအပေါ် လူတွေပိုပြီးသိရှိလာစေတယ်ဆိုတာကို သူ ယုံကြည်ကြောင်း Brown ကပြောပါတယ်။

Michael Brown သေဆုံးမှုနဲ့ပတ်သက်ပြီး Wilson ကို အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြည်နယ်ဂျူရီအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ အမေရိကန်တရားရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ Ferguson မြို့မှာ အများစုဖြစ်တဲ့ လူဖြူရဲအရာရှိတွေဟာ အာဖရိကန် အမေရိကန် နွယ်ဖွားတွေ အပေါ်မတရား ပစ်မှတ်ထားဆက်ဆံပြုမူတာတွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီအစီရင်ခံစာအရ ဖမ်းဆီးမှု ၉၃ % ဟာ အာဖရိကန်-အမေရိကန်တွေဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်စည်းကမ်းမှုနဲ့ အဖမ်းခံရသူတွေထဲက ၈၅% ဟာ လူမည်းယာဉ်မောင်းသူတွေဖြစ်ပြီး အဲဒီထဲက ၉၀% ကို ယာဉ်မောင်းစည်းကမ်းချိုးဖောက်တဲ့ဒဏ်ကြေးငွေ ချမှတ်ခဲ့တယ်လို့ အစီရင်ခံစာက ပြောထားပါတယ်။

XS
SM
MD
LG