သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ferguson ဆန္ဒပြမှု တနိုင်ငံလုံး ပျံ့နှံ့


လက်နက်မဲ့ လူမည်းဆက်ကျော်သက်တဦးကို ပစ်သတ်ခဲ့တဲ့ လူဖြူရဲအရာရှိကို တရားမစွဲဖို့ ဂျူရီလူကြီးတွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု၊ အနောက်အလယ်ပိုင်း Missouri ပြည်နယ်၊ Ferguson မြို့မှာ နှစ်ညမြောက် ဆက်တိုက် ရုန်းရင်းဆန်ခတ် အဓိကရုဏ်းတွေ ဖြစ်သလို နိုင်ငံတဝှမ်းမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။

တနင်္လာနေ့နှောင်းပိုင်းက လူဖြူရဲအရာရှိ Darren Wilson ကို တရားမစွဲဘူးလို့ ကြေညာပြီးတဲ့နောက် လူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့ အဓိကရုဏ်းတွေကို တားဆီးဖို့ အမျိုးသားအိမ်စောင့်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကို Ferguson မြို့မှာ ချထားပါတယ်။

ပထမညမှာ အဆောက်အဦး ဒါဇင်နဲ့ချီ မီးတင်ရှို့ခံရပြီး လုယက်တာတွေ ဖြစ်ခဲ့ပေမဲ့ ဒုတိယညဘက်မှာတော့ အရင်ညလောက် မဖြစ်ဘူးလို့ Ferguson မြို့မှာ ရောက်နေတဲ့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းမှာ တင်းမာတဲ့အခြေအနေတခုကတော့ Ferguson မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြသူတွေက ရဲကားတစီးရဲ့ ပြတင်းမှန်တွေကို ရိုက်ခွဲပြီး မီးတင်ရှို့လိုက်တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

XS
SM
MD
LG