သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

က ျူ းဘား အာဏာရှင်ဟောင်း ကက်စ်ထရို ကွယ်လွန်ခြင်း သတင်းဓါတ်ပုံများ

ကျူးဘားနိုင်ငံရဲ့ ကွန်မြူနစ်ခေါင်းဆောင်ဟောင်း Fidel Castro ဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားပြီလို့ ညီဖြစ်သူ လက်ရှိသမ္မတ Raul Castro က နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနကနေ သောကြာနေ့က ကြေငြာခဲ့ပါတယ်။

ကွယ်လွန်ရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။ Fidel Castro ကို စနေနေ့မှာ မီးသင်္ဂြုလ်မှာဖြစ်ပါတယ်။ Fidel Castro ဟာ ကမ္ဘာ့အနောက်ဘက် ခြမ်းမှာ ပထမဆုံး ကွန်မြူနစ်နိုင်ငံကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ကျူးဘားရဲ့ရွေးကောက်ခံ သမ္မတ Fulgencio Batista ကို အာဏာက ဖယ်ရှားခဲ့တဲ့ Castro ဟာ သူကိုယ်တိုင်လည်း အာဏာရှင်တဦး ဖြစ်လာခဲ့တာပါ။
Fidel Castro ဟာ ကျူးဘားနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ၁၉၅၉ ခုနှစ်ကနေ ၁၉၇၆ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ကနေ ၂၀၀၈ အထိ သမ္မတအဖြစ် တာဝန် ယူခဲ့ပါတယ်။ သူ့ကို ဆိုရှယ်လစ်စနစ်ရဲ့ ချန်ပီယံတဦးအဖြစ်နဲ့ နယ်ချဲ့ဝါဒကို ဆန့်ကျင်သူ တဦးအဖြစ် သတ်မှတ် ကြပါတယ်။ ဒါ့အပြင် Fidel Castro ဟာ ကျူးဘား ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ်လည်း ၁၉၆၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG