[[Zawgy/Unicode]]
FIFA ကမာၻ႔ဖလားပြဲေတြက ရရွိတဲ့ဆုေၾကးေငြကို အေမရိကန္အမ်ဳိးသမီးနဲ႔ အမ်ဳိးသားအသင္းတို႔ ဆတူခြဲေဝယူဖို႔ အေမရိကန္ ေဘာလံုးအဖဲြ႕ခ်ဳပ္က သတ္မွတ္လိုက္ပါတယ္။
အေမရိကန္ေဘာလံုးအဖဲြ႕ခ်ဳပ္၊ အေမရိကန္အမ်ဳိးသမီးေဘာလံုးအသင္း၊ အေမရိကန္အမ်ဳိးသားေဘာလံုးအသင္းတို႔ၾကားရရွိတဲ့ လစာတန္းတူေပးေရး သမိုင္းဝင္သေဘာတူညီခ်က္အရ ကမာၻ႔ဖလားပြဲေတြက ရသမွ်ဝင္ေငြအားလံုးကို အမ်ဳိးသမီးနဲ႔ အမ်ဳိးသားအသင္းတို႔ ဆတူခြဲေဝယူၾကရေတာ့မွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ၂၀၂၃ ခုႏွစ္မွာ ကမာၻ႔ဖလားလုရမယ့္ အေမရိကန္အမ်ဳိးသမီးအသင္းဟာ အရင္ ၂၀၁၉ ခုႏွစ္က ရခဲ့တဲ့ ဆုေၾကးထက္ကို ၃ ဆေလာက္ ဆုေၾကး ပိုရရွိေတာ့မွာျဖစ္ပါတယ္။
လက္ရွိ ကာတာႏိုင္ငံမွာ ႐ႈံးထြက္အဆင့္တက္သြားတဲ့ အေမရိကန္အမ်ဳိးသားအသင္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔က အီရန္အသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔အႏိုင္ရလိုက္တာေၾကာင့္ ကစားသမားတဦးခ်င္းစီက ဆုေၾကးေငြ ေဒၚလာ ၃ သိန္း ၈ ေသာင္းေက်ာ္စီရၾကမွာ ျဖစ္ပါတယ္။
အခုအေမရိကန္မွာ ရရွိလိုက္တဲ့ သေဘာတူညီခ်က္အသစ္အရ ဖီဖာ ကမာၻ႔ေဘာလုံးအဖြဲ႔ခ်ဳပ္နဲ႔ အေမရိကန္ေဘာလုံးအဖြဲ႔ခ်ဳပ္တို႔ကေန ရရွိမယ့္ဆုေၾကးေငြ ၉၀% ကို အားလုံးေပါင္းၿပီး ကမာၻ႔ဖလားမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ အမ်ဳိးသားနဲ႔အမ်ဳိးသမီး ေဘာလုံးအသင္းက ကစားသမားတဦးခ်င္းစီကို အခ်ဳိးက် ေဝပုံခ် ခြဲေဝေပးမွာ ျဖစ္ပါတယ္။ က်န္တဲ့ ၁၀% ကိုေတာ့ အေမရိကန္ေဘာလံုးအဖဲြ႔ခ်ဳပ္က ရမွာျဖစ္ပါတယ္။
====================
[[Unicode]]
အမေရိကန်အမျိုးသမီးဘောလုံးအသင်းတွေ ဆုကြေးပိုရတော့မယ်
FIFA ကမ္ဘာ့ဖလားပွဲတွေက ရရှိတဲ့ဆုကြေးငွေကို အမေရိကန်အမျိုးသမီးနဲ့ အမျိုးသားအသင်းတို့ ဆတူခွဲဝေယူဖို့ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်လိုက်ပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်၊ အမေရိကန်အမျိုးသမီးဘောလုံးအသင်း၊ အမေရိကန်အမျိုးသားဘောလုံးအသင်းတို့ကြားရရှိတဲ့ လစာတန်းတူပေးရေး သမိုင်းဝင်သဘောတူညီချက်အရ ကမ္ဘာ့ဖလားပွဲတွေက ရသမျှဝင်ငွေအားလုံးကို အမျိုးသမီးနဲ့ အမျိုးသားအသင်းတို့ ဆတူခွဲဝေယူကြရတော့မှာဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ဖလားလုရမယ့် အမေရိကန်အမျိုးသမီးအသင်းဟာ အရင် ၂၀၁၉ ခုနှစ်က ရခဲ့တဲ့ ဆုကြေးထက်ကို ၃ ဆလောက် ဆုကြေး ပိုရရှိတော့မှာဖြစ်ပါတယ်။
လက်ရှိ ကာတာနိုင်ငံမှာ ရှုံးထွက်အဆင့်တက်သွားတဲ့ အမေရိကန်အမျိုးသားအသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အီရန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရလိုက်တာကြောင့် ကစားသမားတဦးချင်းစီက ဆုကြေးငွေ ဒေါ်လာ ၃ သိန်း ၈ သောင်းကျော်စီရကြမှာ ဖြစ်ပါတယ်။
အခုအမေရိကန်မှာ ရရှိလိုက်တဲ့ သဘောတူညီချက်အသစ်အရ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်တို့ကနေ ရရှိမယ့်ဆုကြေးငွေ ၉၀% ကို အားလုံးပေါင်းပြီး ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသားနဲ့အမျိုးသမီး ဘောလုံးအသင်းက ကစားသမားတဦးချင်းစီကို အချိုးကျ ဝေပုံချ ခွဲဝေပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၁၀% ကိုတော့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ရမှာဖြစ်ပါတယ်။