သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားမဲများ ရောင်းစားခဲ့မှု FIFA ဝန်ခံ


အမေရိကန် အစိုးရအရာရှိတွေရဲ့ သိမ်းဆည်းမှုကိုခံထားရတဲ့ ဒေါ်လာကုဋေချီနေတဲ့ လဒ်ငွေတွေကို ပြန်တောင်းခံဖို့ ကြိုးစားနေတဲ့ FIFA ကမ္ဘာဘောလုံး အဖွဲ့ချုပ် အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေက သူတို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲ တွေအတွင်း မဲတွေကို ရောင်းစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အမေရိကန် အစိုးရရှေ့နေချုပ်ရုံးကို တင်သွင်းတဲ့ လျှောက်ထားချက်မှာ FIFA က အဖွဲ့အနေနဲ့ လူပုဂ္ဂိုလ်တချို့ အဂတိလိုက်စားမှုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်း အဂတိလိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွါးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

FIFA အဖွဲ့ချုပ်က ပြန်လည် တောင်းခံတဲ့ ငွေဟာ အဂတိလိုက်စားမှုမှာ ပါဝင်ခဲ့တဲ့ FIFA အရာရှိတွေကို ပေးခဲ့ရတဲ့ လျှော်ကြေးတွေ၊ နေ့တွက်တွေ၊ ခရီးစားရိတ်တွေ၊ နဲ့ တခြားအသုံးစားရိတ်တွေ ဖြစ်တာမို့ ပြန်လည် တောင်းခံခွင့်ရှိတဲ့ အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

FIFA က သူတို့ရဲ့ ဆုံးရှုံးမှုဟာ ဒေါ်လာ ၂၈.၂ သန်းရှိမယ်လို့ ခန့်မှန်းပါတယ်။
FIFA အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ပူးပေါင်းကြံစည်ခဲ့ကြတဲ့ သူတွေက FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေ ကျင်းပနိုင်တဲ့ နေရာ ၁၅ နေရာ ရွေးချယ်တဲ့ ညှိနှိုင်းမှုတွေမှာ အဂတိ လိုက်စားခဲ့တယ်လို့ အဖွဲ့ချုပ်က တင်သွင်းတဲ့ လျှောက်ထားချက်မှာ ဖေါ်ပြထားပါတယ်။

အဂတိလိုက်စားကြောင်း ဝန်ခံခဲ့ကြတဲ့ FIFA အရာရှိဟောင်းတွေက ဒေါ်လာ သန်း ၁၉၀ ကျော်ကို လျှော်ကြေး အဖြစ် ပြန်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG