သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာ့ဖလားအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်က FIFA  ဆိုင်းငံ့


FIFA
FIFA

[[Zawgyi/Unicode]]

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (AIFF) ဟာ တခြား တတိယအဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှု ခံနေရတယ်ဆိုပြီး အဖွဲ့ဝင်အဖြစ်က ချက်ခြင်းရပ်ဆိုင်းလိုက်တဲ့အကြောင်း ကမ္ဘာ့ဘော့လုံး အဖွဲ့ချုပ် FIFA က မနေ့က ကြေညာပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်တဲ့အတွက် အောက်တိုဘာလ ၁၁ ရက်နေ့ကအထိ ၃၀ ရက်နေ့အထိ အိန္ဒိယမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အသက် ၁၇ နှစ်အောက် အမျိုးသမီး ကမ္ဘာ့ဖလား ပွဲစဉ်တွေ ကျင်းပနိုင်တော့မှာ မဟုတ်ပါဘူး။

အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့်တရားရုံးက AIFF အိန္ဒိယနိုင်ငံလုံးဆိုင်ရာဘောလုံးအဖွဲ့ချုပ်ကို မေလအတွင်း ဖျက်သိမ်းပြီး အုပ်ချုပ်မယ့် ကော်မတီအဖွဲ့ဝင် ၃ ဦးကို ခန့်ထားလိုက်ပါတယ်။ ဒီကော်မတီကနေ ဘောလုံးအားကစားဆိုင်ရာ အုပ်ချုပ်ဖို့၊ AIFF ရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့၊ ၁၈ လကြာ ဆိုင်းငံထားတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်ပါတယ်။

ဒါကြောင့်လည်း FIFA ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်နဲ့ အာရှ ဘောလုံးအဖွဲ့ချုပ်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ပြီး လက်ရှိ AIFF ရဲ့ ဥပဒေပြဌာန်းချက်တွေ ဂျူလိုင်လကုန်မှာပြင်ဆင်နိုင်အောင် အစီစဉ်တွေချမှတ်ဖို့အပြင် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကျင်းပဖို့ပါ AIFF နဲ့ ဆွေးနွေးခဲ့တယ်။

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥပဒေအရ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ တရားရေးအရရော နိုင်ငံရေးအရ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကင်းရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီစည်းကမ်းချက်ကို ချိုးဖေါက် တဲ့အတွက် အိန္ဒိယနိုင်ငံလိုပဲ တခြား နိုင်ငံဘောလုံးအသင်းတွေ အသင်းဝင်အဖြစ်က ဆိုင်းငံ့ခံခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]

အိန်ဒိယဘောလုံးအဖှဲ့ခြုပျကို ကမ်ဘာ့ဖလားအဖှဲ့ခြုပျ အဖှဲ့ဝငျအဖွဈက FIFA ဆိုငျးငံ့






XS
SM
MD
LG