သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယေဘာလုံးအဖြဲ႔ခ်ဳပ္ကို ကမာၻ႔ဖလားအဖြဲ႔ခ်ဳပ္ အဖြဲ႔ဝင္အျဖစ္က FIFA  ဆိုင္းငံ့


FIFA

[[Zawgyi/Unicode]]

အိႏၵိယႏိုင္ငံလုံးဆိုင္ရာ ေဘာလုံးအဖြဲ႔ခ်ဳပ္ (AIFF) ဟာ တျခား တတိယအဖြဲ႕အစည္းေတြရဲ႕ ၾသဇာလႊမ္းမိုးမႈ ခံေနရတယ္ဆိုၿပီး အဖြဲ႔ဝင္အျဖစ္က ခ်က္ျခင္းရပ္ဆိုင္းလိုက္တဲ့အေၾကာင္း ကမာၻ႔ေဘာ့လုံး အဖြဲ႕ခ်ဳပ္ FIFA က မေန႔က ေၾကညာပါတယ္။

ဒီလို ရပ္ဆိုင္းလိုက္တဲ့အတြက္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ကအထိ ၃၀ ရက္ေန႔အထိ အိႏၵိယမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ အသက္ ၁၇ ႏွစ္ေအာက္ အမ်ိဳးသမီး ကမာၻ႔ဖလား ပြဲစဥ္ေတြ က်င္းပႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

အိႏၵိယႏိုင္ငံရဲ႕ အဆင့္ျမင့္တရား႐ုံးက AIFF အိႏၵိယႏိုင္ငံလုံးဆိုင္ရာေဘာလုံးအဖြဲ႕ခ်ဳပ္ကို ေမလအတြင္း ဖ်က္သိမ္းၿပီး အုပ္ခ်ဳပ္မယ့္ ေကာ္မတီအဖြဲ႔ဝင္ ၃ ဦးကို ခန႔္ထားလိုက္ပါတယ္။ ဒီေကာ္မတီကေန ေဘာလုံးအားကစားဆိုင္ရာ အုပ္ခ်ဳပ္ဖို႔၊ AIFF ရဲ႕ ဖြဲ႔စည္းပုံကို ျပင္ဆင္ဖို႔၊ ၁၈ လၾကာ ဆိုင္းငံထားတဲ့ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း FIFA ကမာၻ႔ဖလားေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ အာရွ ေဘာလုံးအဖြဲ႕ခ်ဳပ္က ကိုယ္စားလွယ္အဖြဲ႕တဖြဲ႕ ေစလႊတ္ၿပီး လက္ရွိ AIFF ရဲ႕ ဥပေဒျပဌာန္းခ်က္ေတြ ဂ်ဴလိုင္လကုန္မွာျပင္ဆင္ႏိုင္ေအာင္ အစီစဥ္ေတြခ်မွတ္ဖို႔အျပင္ စက္တင္ဘာ ၁၅ ရက္ ေနာက္ဆုံးထားၿပီး ေ႐ြးေကာက္ပြဲ က်င္းပဖို႔ပါ AIFF နဲ႔ ေဆြးေႏြးခဲ့တယ္။

FIFA ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဥပေဒအရ အဖြဲ႕ဝင္ႏိုင္ငံအားလုံးဟာ တရားေရးအရေရာ ႏိုင္ငံေရးအရ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ လႊမ္းမိုးမႈကင္းရမယ္လို႔ သတ္မွတ္ထားပါတယ္။ ဒီစည္းကမ္းခ်က္ကို ခ်ိဳးေဖါက္ တဲ့အတြက္ အိႏၵိယႏိုင္ငံလိုပဲ တျခား ႏိုင္ငံေဘာလုံးအသင္းေတြ အသင္းဝင္အျဖစ္က ဆိုင္းငံ့ခံခဲ့ရဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာ့ဖလားအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်က FIFA ဆိုင်းငံ့

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (AIFF) ဟာ တခြား တတိယအဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှု ခံနေရတယ်ဆိုပြီး အဖွဲ့ဝင်အဖြစ်က ချက်ခြင်းရပ်ဆိုင်းလိုက်တဲ့အကြောင်း ကမ္ဘာ့ဘော့လုံး အဖွဲ့ချုပ် FIFA က မနေ့က ကြေညာပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်တဲ့အတွက် အောက်တိုဘာလ ၁၁ ရက်နေ့ကအထိ ၃၀ ရက်နေ့အထိ အိန္ဒိယမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အသက် ၁၇ နှစ်အောက် အမျိုးသမီး ကမ္ဘာ့ဖလား ပွဲစဉ်တွေ ကျင်းပနိုင်တော့မှာ မဟုတ်ပါဘူး။

အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့်တရားရုံးက AIFF အိန္ဒိယနိုင်ငံလုံးဆိုင်ရာဘောလုံးအဖွဲ့ချုပ်ကို မေလအတွင်း ဖျက်သိမ်းပြီး အုပ်ချုပ်မယ့် ကော်မတီအဖွဲ့ဝင် ၃ ဦးကို ခန့်ထားလိုက်ပါတယ်။ ဒီကော်မတီကနေ ဘောလုံးအားကစားဆိုင်ရာ အုပ်ချုပ်ဖို့၊ AIFF ရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့၊ ၁၈ လကြာ ဆိုင်းငံထားတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်ပါတယ်။

ဒါကြောင့်လည်း FIFA ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်နဲ့ အာရှ ဘောလုံးအဖွဲ့ချုပ်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ပြီး လက်ရှိ AIFF ရဲ့ ဥပဒေပြဌာန်းချက်တွေ ဂျူလိုင်လကုန်မှာပြင်ဆင်နိုင်အောင် အစီစဉ်တွေချမှတ်ဖို့အပြင် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကျင်းပဖို့ပါ AIFF နဲ့ ဆွေးနွေးခဲ့တယ်။

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥပဒေအရ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ တရားရေးအရရော နိုင်ငံရေးအရ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကင်းရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီစည်းကမ်းချက်ကို ချိုးဖေါက် တဲ့အတွက် အိန္ဒိယနိုင်ငံလိုပဲ တခြား နိုင်ငံဘောလုံးအသင်းတွေ အသင်းဝင်အဖြစ်က ဆိုင်းငံ့ခံခဲ့ရဖူးပါတယ်။

XS
SM
MD
LG