သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖီဖာ ဥက္ကဋ္ဌအဖြစ် ဘလက်တာ ထပ်မံအရွေးခံရ

ဖီဖာ ဥက္ကဋ္ဌအဖြစ် ဘလက်တာ ထပ်မံအရွေးခံရ
ဖီဖာ ဥက္ကဋ္ဌအဖြစ် ဘလက်တာ ထပ်မံအရွေးခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌရာထူး နေရာအတွက် အကျင့်ပျက် ခြစားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဖွဲ့တွင်း တဦးတည်းသာ ကျန်တော့တဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဆပ်ပ် ဘလက်တာ (Sepp Blatter) ပြန်လည် အရွေးခံခဲ့ရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က FIFA ကွန်ဂရက် ညီလာခံအတွင်း မဲခွဲဆုံးဖြတ်ရာမှာ မဲအရေအတွက် ၂၀၃ မဲ ရှိတဲ့အနက် ထောက်ခံမဲ ၁၈၆ မဲ ရရှိပြီး ဗုဒ္ဓဟူးနေ့ကပဲ အသက် ၇၅ နှစ်အရွယ်ရှိ ဆွစ်ဇာလန် နိုင်ငံသား မစ္စတာ ဘလက်တာ ၄ ကြိမ်မြောက် ဥက္ကဋ္ဌရာထူးကို ရရှိသွားတာပါ။

လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက် ဥက္ကဋ္ဌလောင်း အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုဟာမက် ဘင် ဟာမန်း (Mohamed bin Hammam) ကတော့ တနင်္ဂနွေနေ့ကပဲ ကိုယ်စားလှယ်လောင်း အဖြစ်က နှုတ်ထွက်ခဲ့ပါတယ်။

ရှေ့လာမယ့် အနာဂတ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေကို ရွေးချယ်တဲ့ နည်းလမ်းတွေကို တဖြည်းဖြည်းချင်း ပြောင်းလဲသွားမယ်လို့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မစ္စတာ ဘလက်တာက ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောဆိုခဲ့တာပါ။

၄ နှစ်တကြိမ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကျင်းပမယ့် နေရာတွေကို FIFA အဖွဲ့ဝင် ၂၀၈ နိုင်ငံစလုံး အနေနဲ့ ရွေးချယ်ခွင့် ပေးသွားမယ်လို့လည်း ကတိပြုခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အိမ်ရှင်နိုင်ငံအဖြစ် FIFA ရဲ့ အဖွဲ့ဝင် ၂၄ ယောက် ပါဝင်တဲ့ ကော်မတီတရပ်က ရွေးချယ်နေတာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် အိမ်ရှင်အဖြစ် ရုရှားနိုင်ငံနဲ့ ၂၀၂၂ ခုနှစ်အတွက် ကာတာနိုင်ငံတွေကို ရွေးချယ်ခဲ့တဲ့ အတွက်လည်း အကြီးအကျယ် ဝေဖန်တာ ခံနေရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG