သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA အဂတိလိုက်စားမှု ကော်မတီ ဖွဲ့မည်

FIFA အဂတိလိုက်စားမှု ကော်မတီ ဖွဲ့မည်
FIFA အဂတိလိုက်စားမှု ကော်မတီ ဖွဲ့မည်

လာမယ့် ဇွန်လကျရင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ညီလာခံကျရင် လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး ကော်မတီ တခုကို ဖွဲ့စည်းနိုင်ဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို FIFA ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

FIFA အဖွဲ့ချုပ်မှာ အဂတိလိုက်စားမှု မရှိစေရအောင် လုပ်ငန်းအဖွဲ့တခု ဖွဲ့ဖို့ သူအဆိုပြုမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ် ဘလပ်တာ (Sepp Blatter) က ဆွစ်ဇာလန် သတင်းစာ Sonnags Zeitung ကို တနင်္ဂနွေနေ့က ပြောခဲ့တာပါ။ ဒီလို ကော်မတီဖွဲ့တဲ့အတွက် FIFA အပေါ် ယုံကြည်မှုလည်း တိုးလာလိမ့်မယ်လို့ မစ္စတာ ဘလပ်တာက ပြောပါတယ်။

ဒီကော်မတီထဲမှာ အားကစားလောက တခုတည်းက မဟုတ်ဘဲ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု လောကထဲက အဖွဲ့ဝင် ၇ ယောက်ကနေ ၉ ယောက်အထိ ပါဝင်သင့်ကြောင်းနဲ့ သူပါဝင်ဖို့ ရည်ရွယ်ချက် မရှိတဲ့အကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌက သတင်းစာကို ပြောပါတယ်။

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေ အိမ်ရှင်ရွေးတဲ့အခါ သူတို့ထည့်ခွင့်ရှိတဲ့ မဲကို ရောင်းမယ်လို့ FIFA အမှုဆောင် ကော်မတီဝင် ၂ ယောက်က ကမ်းလှမ်းတယ်ဆိုပြီး ဗြိတိန်ထုတ် သတင်းစာတစောင်က ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ၂၄ ယောက်ပါ အမှုဆောင် ကော်မတီ အဖွဲ့ထဲကနေ သူတို့ ၂ ယောက်ကို FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG