သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ဒုတိယ ဥက္ကဌဟောင်း အပြစ်ရှိကြောင်းဝန်ခံ


FIFA ဒုတိယဥက္ကဋ္ဌဟောင်း Alfredo Hawit အမေရိကန်တရားရုံးကထွက်လာစဉ်
FIFA ဒုတိယဥက္ကဋ္ဌဟောင်း Alfredo Hawit အမေရိကန်တရားရုံးကထွက်လာစဉ်

FIFA ကမ္ဘာ့လောလုံးအဖွဲ့ချုပ် အဆင့်မြင့် အရာရှိဟောင်းဟာ အမေရိကန်ဗဟိုအစိုးရ တရားရုံး သူ့အပေါ် တင်ထားတဲ့ လိမ်လည်မှု၊ ဘောလုံးအဖွဲ့ချုပ်အတွင်း အကျင့်ပျက်ခြစားမှုတွေကို လျှို့ဝှက်စွာ ပူးပေါင်း ကြံစည်ခဲ့မှု စတဲ့ စွဲချက်တွေမှာ အပြစ်ရှိကြောင်း ဝန်ခံ လိုက်ပါတယ်။

FIFA ဒုတိယဥက္ကဋ္ဌ Alfredo Hawit တနင်္လာနေ့က အဲဒီလို ဝန်ခံလိုက်တာဟာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးမှုမှာ သီတင်းပတ် ၂ ပတ်အတွင်း ဝန်ခံလိုက်တဲ့ Honduras နိုင်ငံသား ဒုတိယလူပုဂ္ဂိုလ် ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းကလည်း Honduras သမ္မတဟောင်း Rafael Callejas ကလည်း နယူးယောက်မြို့မှာ အပြစ်ရှိကြောင်း အလားတူ ဝန်ခံလိုက်တဲ့အတွက် အခုနှစ်နှောင်းပိုင်း ပြစ်ဒဏ် စီရင်တဲ့အခါ ထောင်ဒဏ် အနှစ် ၂၀ ကျခံရမယ့် အလားအလာ ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အာဂျင်တီးနားနိုင်ငံတွေ မှာ ဈေးကွက်မြင့်တင်ရေးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို အမေရိကန်ဒေါ်လာ သိန်းနဲ့ချီ လာဘ်ယူပြီး ရောင်းချတဲ့အဖွဲ့ထဲမှာ ပါဝင်ခဲ့ကြောင်း Alfredo Hawit က အမေရိကန်ဗဟိုအစိုးရ တရားရုံး တရားသူကြီး Raymond Dearie ထံမှာ တနင်္လာနေ့က ဝန်ခံ ပြောကြားခဲ့ပါတယ်။ သူရစရာရှိတဲ့ ဒေါ်လာ ၉ သိန်း ၅ သောင်းကိုလည်း မယူဖို့ သဘောတူခဲ့ကြပါတယ်။

Honduras သမ္မတဟောင်းလိုပဲ Alfredo Hawit အနေနဲ့လည်း လာမယ့် အောက်တိုဘာလမှာ စီရင်ချက်ခံရမှာဖြစ်ပြီး ထောင်ဒဏ် အနှစ် ၂၀ လောက် ကျခံရကိန်း ရှိပါတယ်။

Alfredo Hawit ရဲ့ အမှုဟာ ကမ္ဘာ့တဝှမ်း လူပေါင်း ၄၀ ကျော်ကို မသင်္ကာမှုတွေနဲ့ စုံစမ်း စစ်ဆေးနေတဲ့ အမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG