သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖီဖာ အကြီးအကဲ ဟောင်းတွေ ဆုကြေးပိုယူမှု စုံစမ်းခံရ


ပြီးခဲ့သော ဧပြီလက FIFA မှာ ပါဝင်ခွင့် ၆နှစ်ကြာ ပိတ်ပင်မှုကို အယူခံဝင်ရန် ရောက်လာသော ဖီဖာ အကြီးအကဲဟောင်း Sepp Blatter ကို တွ့ရစဉ်။ (ဓါတ်ပုံ - AFP PHOTO / FABRICE COFFRINI)
ပြီးခဲ့သော ဧပြီလက FIFA မှာ ပါဝင်ခွင့် ၆နှစ်ကြာ ပိတ်ပင်မှုကို အယူခံဝင်ရန် ရောက်လာသော ဖီဖာ အကြီးအကဲဟောင်း Sepp Blatter ကို တွ့ရစဉ်။ (ဓါတ်ပုံ - AFP PHOTO / FABRICE COFFRINI)

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA ရဲ့ အကြီးအကဲဟောင်း Sepp Blatter နဲ့ အခြား ထိပ်တန်း အရာရှိ ၂ ဦးတို့ဟာ ၅ နှစ်တာ ကာလအတွင်းမှာ လစာနဲ့ ဆုကြေးငွေ တွေ စုစုပေါင်း ဒေါ်လာသန်း ၈၀ဖိုး ယူခဲ့ကြတယ်လို့ FIFA က ပြောလိုက်ပါတယ်။ Blatter၊ အတွင်းရေးမှုးဟောင်း Jerome Valcke နဲ့ ဘဏ္ဍာရေး ညွှန်ကြားရေးမှုး Markus Kattner တို့ဟာ သူတို့ဘာသာ ကြွယ်ဝချမ်းသာ လာအောင် ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်အထိ ပူးပေါင်းလုပ်ကိုင် ခဲ့ကြတယ်လို့ FIFA ရဲ့ရှေ့နေတွေက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၊ FIFA ဌာနချုပ်ကို ရဲတွေက ဝင်ရောက် စီးနင်းကာ စုံစမ်းစစ်ဆေးရေး အတွက် သက်သေ အထောက်အထားတွေကို သိမ်းဆည်း ရှာဖွေ အပြီး နောက် တနေ့ ဖြစ်တဲ့ သောကြာနေ့မှာပဲ စုံံစမ်းစစ်ဆေးမှု အသေးစိတ်ကို ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

၂၀၁၈ နဲ့ ၂၀၂၂ FIFA ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ လောင်းကစား လုပ်တာနဲ့ ပတ်သက်လို့ စုံစမ်းမှု ပြုလုပ်ရင် တစိတ်တပိုင်း အနေနဲ့ ခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်တာဖြစ်တယ်လို့ ရဲတွက ပြောပါတယ်။

FIFA ရဲ့ ဘဏ္ဍာငွေတွေကို ပြစ်မှုမြောက် အလွှဲသုံးစားလုပ်ခဲ့တယ်လို့ သံသယ ရှိခံရတဲ့ Blatter နဲ့ Valcke တို့ကို ခြောက်နှစ်နဲ့ ၁၂ နှစ်အသီးသီး FIFA မှာ ပါဝင်ခွင့် မရှိစေဖို့ ဖေဖော်ဝါရီလ တုန်းက FIFA ကျင့်ဝန်ဆိုင်ရာ ကော်မတီက အမိန့်ချခဲ့ တာပါ။ နှစ်ဦးစလုံးကတော့ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ခုလို ငွေကြေးတွေ ရယူခဲ့ကြတာဟာ ဥပဒေနဲ့ ညီညွှတ်မှုရှိမရှိ ရှင်းလင်းမှုမရှိပါဘူး။ ဒါပေမယ့်လည်း ဒါက ဆွစ်ဇာလန် အစိုးရရဲ့ တရားဥပဒေကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ FIFA ကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG