သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖီဖာ ဒု-ဥက္ကဋ္ဌ ရာထူးက နှုတ်ထွက်


ဖီဖာ ဒု-ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်သွားသည့် မစ္စတာ ဂျက်ဝါနာ။ ဇွန် ၂၊ ၂၀၁၁။
ဖီဖာ ဒု-ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်သွားသည့် မစ္စတာ ဂျက်ဝါနာ။ ဇွန် ၂၊ ၂၀၁၁။

ဖီဖာ (FIFA) ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဂျက် ဝါနာ (Jack Warner) တနင်္လာနေ့မှာ ရာထူးက နှုတ်ထွက်သွားတဲ့အတွက် အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး သူ့အပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတာတွေကို ဖီဖာက ရပ်ဆိုင်းလိုက်ပါပြီ။

မြောက်အမေရိက၊ အမေရိကတိုက် အလယ်ပိုင်း နိုင်ငံများနဲ့ ကာရီဘီယံ တိုင်းပြည်များ ဘောလုံးအဖွဲ့ချုပ် (CONCACAF) ရဲ့ အကြီးအကဲ တာဝန်ကိုလည်း နှစ်ပေါင်းများစွာ ယူထားခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် ဂျက် ဝါနာဟာ ရာထူးကနေ ပြီးခဲ့တဲ့လ အတွင်းမှာပဲ ဆိုင်းငံ့ခံထားခဲ့ရတာပါ။

အခုလ အစောပိုင်းက ကျင်းပခဲ့တဲ့ ဖီဖာဥက္ကဋ္ဌရာထူး ရွေးကောက်ပွဲမှာ လက်ရှိဥက္ကဋ္ဌ ဆက်ပ် ဘလတ္တာ (Sepp Blatter) ပြန်အရွေးမခံရအောင် လုပ်ဆောင်တဲ့ အနေနဲ့ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ လောက်ပေးပြီး ကာရီဘီယံ နိုင်ငံသားတွေထံက မဲဝယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်လာပြီးနောက်ပိုင်း ထရီနီဒက် နိုင်ငံသား ဝါနာနဲ့ အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာတာနိုင်ငံသား မိုဟာမက် ဘင်ဟမ်မမ်း (Mohammed bin Hammam) တို့ကို ရာထူးက ဆိုင်းငံ့ထားခဲ့တာပါ။

မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ထရီနီဒက်နိုင်ငံမှာ ကျင်းပခဲ့တဲ့ CONCACAF ညီလာခံအတွင်း မရိုးမသား လုပ်ဆောင်မှုတွေ ရှိကောင်း ရှိနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ချပ် ဘလေဇာ (Chuck Blazer) က သတင်းပေးခဲ့တဲ့အတွက် သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG