မော်ရိုကိုနိုင်ငံမှာ ကျင်းပနေတဲ့ FIFA ကမ္ဘာ့ကလပ်ချန်ပီယံဖလား ဖိုင်နယ်မှာ ဂျာမနီက နာမည်ကြီး ဘိုင်ယန်မြူးနစ်က ရာဂျာ ကာဆာဘလန်းကာ (Raja Casablanca) အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီးတော့ ၂၀၁၃ ကမ္ဘာ့ကလပ်ချန်ပီယံ ဖြစ်သွားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို ဒန်းတေး (Dante) နဲ့ သီယာဂို အယ်လ်ကန်တာရာ (Thiago Alcantara) တို့က သွင်းပေးခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ဖလား၊ ဥရောပစူပါဖလား တွေကိုရခဲ့ပြီး ဒါဟာ အခုနှစ်အတွက် ၅ လုံး မြောက် ဆုဖလားဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အတူ ကမ္ဘာ့ကလပ်ချန်ပီယံဆုကို ၂ ကြိမ်ရခဲ့ဖူးတဲ့ ဘိုင်ယန်နည်းပြ ဂွာဒီယိုလာ အတွက်တော့ ဒါဟာ ကမ္ဘာ့ကလပ်ချန်ပီယံဆုကို ၃ ကြိမ်ရတာဖြစ်ပါတယ်။
အင်္ဂလန်မှာ စနေနေ့က ကစားတဲ့ ပရီမီယာလိဂ်ဘောလုံးပွဲတွေမှာတော့ အသင်းကြီးတွေနိုင်ပြီး လီဗာပူးလ်အသင်း ဇယားထိပ်ကို တက်လာခဲ့ပါတယ်။ အန်းဖီးလ်မှာ ကစားတဲ့ပွဲမှာ လီဗာပူးလ်က ကာဒစ်ဖ်စီးတီးကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပြီး ဂိုးတွေကို ဆွာရက်စ်က ၂ ဂိုး ၊ Sterling က ၁ ဂိုးသွင်းခဲ့တာပါ။
ဒါ့အပြင် နယူးကာဆယ်ကလည်း ခရစ္စတယ်လ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားသလို မန်စီးတီးကလည်း ဖူလ်ဟမ်းကို အဝေးကွင်းမှာ ၄ ဂိုး ၂ ဂိုး နဲ့ နိုင်ပါတယ်။ အိုးလ်ထရက်ဖို့မှာ ကစားတဲ့ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် ဝက်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။
မန်ယူအတွက် ဂိုးတွေကို ဝဲလ်ဘက်ခ်၊ ရာနူဇိုက်စ်နဲ့ အက်ရှ်လေယမ်းတို့က ၁ ဂိုးစီသွင်းခဲ့ပါတယ်။ ကျန်တဲ့ပွဲတွေမှာတော့ စတုတ်ခ်က ဗီလာကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့ပေမယ့် ဝက်စ်ဘရွန်းနဲ့ဟားလ်တို့ ၁ ဂိုးစီသရေ၊ ဆန်းဒါးလန်းနဲ့ နောရစ်ချ်တို့ ဂိုးမရှိ သရေကျခဲ့ပါ တယ်။ ၁၇ ပွဲ ကစားပြီးတဲ့အချိန်မှာ လီဗာပူးလ်က ၃၆ မှတ်၊ မန်စီးတီးက ၃၅ မှတ် ထိပ်မှာရှိနေပြီး၊ ဒီကနေ့မှာ ဆောက်သမ်တန် နဲ့ စပါး၊ ဆွမ်စီး နဲ့ အဲဗာတန်တို့ ကစားမှာဖြစ်ပြီး အာဆင်နယ်နဲ့ ချယ်ဆီးတို့ တနင်္လာနေ့မှာ ကစားကြမှာဖြစ်ပါတယ်။