သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA လက်ရှိ ဥက္ကဋ္ဌ ရာထူးက ထွက်ဖို့ ဖိအားပေးခံရ


ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ FIFA နှစ်ပတ်လည် ညီလာခံ။ (မေ ၂၉၊ ၂၀၁၅)
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ FIFA နှစ်ပတ်လည် ညီလာခံ။ (မေ ၂၉၊ ၂၀၁၅)

အကျင့်ပျက် ခြစားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ဥက္ကဋ္ဌ နေရာအတွက် ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ရာထူးက ထွက်ပေးဖို့ ဖိအားပေးခံနေရတဲ့ လက်ရှိဥက္ကဋ္ဌ Sepp Blatter ထပ်မံအရွေးခံရမယ့် အလားအလာတွေ ရှိနေပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ FIFA နှစ်ပတ်လည် ညီလာခံမှာတော့ ဥက္ကဋ္ဌအဖြစ် ပြန်အရွေးခံရမယ်ဆိုရင် အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်သွားမယ့်အကြောင်း ဥက္ကဋ္ဌ ကကတိပြု ပြောကြားခဲ့သလို၊ အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းကူညီဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဥရောပတိုက်က ဘောလုံးအဖွဲ့ချုပ်တွေကတော့ FIFA ဥက္ကဋ္ဌကို ရာထူးကဆင်းပေးဖို့ လိုလားနေကြပေမဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက နိုင်ငံတွေကတော့ ဆက်လက် တာဝန်ယူဖို့ လိုလားနေကြပါတယ်။ FIFA ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင် ၂၀၉ နိုင်ငံလုံးက မဲပေးဆုံးဖြတ်မယ့် ရွေးချယ်ပွဲမှာတော့ လက်ရှိဥက္ကဋ္ဌ Blatter ဟာ ဂျော်ဒန်နိုင်ငံက တော်ဝင်မင်းသား Ali bin Al Hussein နဲ့ ယှဉ်ပြိုင်ရမှာပါ။

FIFA တာဝန်ရှိသူတွေကို အကျင့်ပျက် ခြစားမှု၊ တရားမဝင် ငွေကြေး လွဲှပြောင်းမှု၊ ငွေမည်း ခဝါချမှုတွေ အပါအဝင် စွဲချက်အမြောက်အများနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ကြောင်း အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က ဒီသီတင်းပတ်ထဲ ကြေညာခဲ့ပြီး နောက်မှာပဲ၊ ဥက္ကဋ္ဌဖြစ်သူ ရာထူးက ဆင်းပေးဖို့ ဖိအားပေးမှုတွေလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဂျာမနီနိုင်ငံကို ရောက်သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကတော့ ဥက္ကဋ္ဌ Blatter ရာထူးက အမြန်ဆုံးဆင်းပေးရင် ကောင်းတယ်လို့ ပြောဆိုခဲ့တာပါ။ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကတော့ FIFA အနေနဲ့ နာမည်ပျက် မရှိအောင်လုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒီကနေ့ ပူးတွဲပြုလုပ်တဲ့ ဘာလင်မြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG