သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖီဖါ အတွင်းရေးမှူး ကို ရာထူးက ခေတ္တ ရပ်နား


FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး Jerome Valcke ။
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး Jerome Valcke ။

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး Jerome Valcke ကို ရာထူးကနေ ဆိုင်းငံ့ထား လိုက်တယ်လို့ FIFA က ပြောပါတယ်။ နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း သူ့ကိုခွင့်ပေးထားပြီး ၊ တာဝန်တွေကနေ ရပ်နားထားတယ်လို့ ဖီဖာရဲ့ ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားလက်မှတ်တွေ ပြန်ရောင်းတဲ့နေရာမှာ သတ်မှတ် ထားတဲ့ ဈေးနှုန်းထက် ပိုတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခဲ့တဲ့ကိစ္စမှာ သူပါဝင် ပတ်သက်နိုင်တယ်လို့ ဘောလုံးသမားဟောင်းတစ်ယောက်က စွပ်စွဲလိုက်ပြီးတဲ့နောက် သူကို ခွင့်နဲ့ ဆိုင်းငံ့ထားလိုက်တာဖြစ်တယ်လို့ ဖီဖာက ပြောပါတယ်။

အစ္စရေးလ်ကစားသမားဟောင်း Benny Alon က ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားကို သူကြည့်ချင်တဲ့နေရာကနေ ကြည့်နိုင်တဲ့ လက်မှတ်ရဖို့အတွက် Valcke ကို ပိုက်ဆံပေးဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလက်မှတ်ကို ပရိတ်သတ်တွေ ကို သတ်မှတ်ပေါက်ဈေးထက် တင်ပြီး၊ ရလာတဲ့ အမြတ်ကို သူနဲ့ Valcke ခွဲယူဖို့အတွက် စီစဉ်ခဲ့တာဖြစ်တယ်လို့ Alon က ပြောပါတယ်။

ဒါပေမဲ့ သူတို့ ၂ ယောက်ကြား သဘောတူညီမှု ပျက်ခဲ့ပြီး၊ Valcke ကိုလည်း ပိုက်ဆံ လုံးဝမပေးခဲ့ရဘူးလို့ သူကပြောပါတယ်။ ဒီစွပ်စွဲချက်တွေကို Jerome Valcke က ငြင်းဆန်ထားပြီး၊ ဒါတွေဟာ လုပ်ကြံဖန်တီးထား တာဖြစ်တယ်လို့ ပြောပါတယ်။

Valcke အပေါ် စွဲချက်တွေကို ကျင့်ဝတ်ဆိုင်ရာကော်မတီအနေနဲ့ စုံစမ်းစစ်ဆေးသွားဖို့ အမိန့်ထုတ်ထားတယ်လို့ FIFA က ပြောပါတယ်။ဒါဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံ အတွင်း နောက်ဆုံးဖြစ်ပေါ်လာတဲ့ အဂတိ လိုက်စားမှု စွဲချက်ပဲဖြစ်ပါတယ်။

XS
SM
MD
LG