သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA အမျိုးသမီး ကမ္ဘာ့ဘောလုံး ဆီမီးဖိုင်နယ် အမေရိကန်နဲ့ဂျာမနီ ကန်မည်


ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားဖိုင်နယ် အကြိုဗိုလ်လုပွဲစဉ်တွေကို အင်္ဂါနေ့ညနေမှာ စတင်ကစားကြမှာ ဖြစ်ပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံဆုရှင်တွေဖြစ်ခဲ့ဖူးကြတဲ့ အမေရိကန်၊ ဂျာမနီ၊ ဂျပန် သုံးသင်းနဲ့အတူ အင်္ဂလန်အသင်းတို့ အကြို ဗိုလ်လုပွဲစဉ်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၉၁ နဲ့ ၁၉၉၉ ကရခဲ့တဲ့ အမေရိကန်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂၀၀၃ နဲ့ ၂၀၀၇ က ရခဲ့တဲ့ ဂျာမနီအသင်းတို့ Montreal မြို့မှာ ပထမအကြိုဗိုလ်လုပွဲကို အင်္ဂါနေ့ညနေ ဒေသစံတော်ချိန် ၇ နာရီမှာ ကစားကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲတလျှောက် ဂျာမနီအသင်းက ဂိုးအများဆုံးသွင်းထားပြီး အမေရိကန်အသင်းကတော့ ၁ ဂိုးတည်းပေးထားရတာကြောင့် အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားပါတယ်။ အမေရိကန် ဂိုးသမား Hope Solo က ပြိုင်ပွဲတွေမှာ မိနစ်ပေါင်း ၄၂၃ မိနစ် အချိန်အတွင်း တဂိုးမှ အဝင်မခံရ အောင် ကာကွယ်နိုင်ခဲ့သူဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့ချန်ပီယံ ဂျပန် အသင်းနဲ့ အင်္ဂလန်အသင်းတို့ကတော့ Edmonton မြို့မှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ကစားကြမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲစဉ်ကို တက်ရတာဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲစဉ်တွေမှာ နိုင်တဲ့အသင်းနှစ်သင်းကတော့ လာမယ့် ဇူလိုင် ၅ ရက်နေ့မှာ Vancouver မြို့မှာ ဗိုလ်လုရမှာဖြစ်ပါတယ်။ တတိယနေရာအတွက် ဇူလိုင် ၄ ရက် စနေနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG