သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဘောလုံးပွဲ ၁၄ ရက်မြောက်


Jwe Kamewoune Vincent Aboubakar selebre apre li make yon gol nan match Gwoup G a kont Brezil, nan Mondyal Foutbol Qatar la, 2 Desanm, 2022.
Jwe Kamewoune Vincent Aboubakar selebre apre li make yon gol nan match Gwoup G a kont Brezil, nan Mondyal Foutbol Qatar la, 2 Desanm, 2022.

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲတွေရဲ့ ရှုံးထွက်အဆင့် ပွဲတွေ ဒီနေ့ မကြာခင်အချိန်ပိုင်းမှာပဲ စတင်ကြတော့မှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ စတင်မယ့် ပထမဆုံးပွဲကတော့ အမေရိကန်နဲ့ နယ်သာလန်အသင်းတို့ ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။ အနိုင်ကန်ဖို့ အသင့်ပြင်ထားတယ်လို့ အမေရိကန်အသင်းက ပြောကြားပြီး သူတို့ကို အားပေးကြဖို့ Twitter လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

အမေရိကန်အသင်းအတွက် အားထားရတဲ့ ရှေ့တန်းတိုက်စစ်မှူး Christian Pulisic တယောက် အီရန်နဲ့ပွဲတုန်းက ဒဏ်ရာရခဲ့လို့ ဒီပွဲမှာ ကစားနိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ကြပေမဲ့ ဒီနေ့ပွဲမှာ သူဝင်ကစားမှာဖြစ်တယ်လို့ အမေရိကန်ဘောလုံးအသင်းက သောကြာနေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခြေစစ်ပွဲမအောင်ခဲ့တဲ့ အမေရိကန်အသင်းဟာ အခု ၂၀၂၂ ကမ္ဘာ့ဖလားလုပွဲမှာ ရှုံးထွက်အဆင့်အထိ ရောက်လာတဲ့အတွက်လည်း အားတက်စရာ ဖြစ်နေတာပါ။

မြန်မာစံတော်ချိန် တနင်္ဂနွေ မနက် ၁ နာရီခွဲကျရင်တော့ အာဂျင်တီးနားနဲ့ Australia အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ နက်ဖြန် တနင်္ဂနွေနေ့မှာပဲ ပြင်သစ်နဲ့ ပိုလန်၊ အင်္ဂလန်နဲ့ Senegal အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။ အာရှအသင်းတွေထဲက ရှုံးထွက်အဆင့်တက်သွားတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားအသင်းတွေကတော့ တနင်္လာနေ့မှာ ကစားကြရမှာပါ။ ဂျပန်နဲ့ Croatia၊ တောင်ကိုရီးယားနဲ့ Brazil ကစားကြမှာ ဖြစ်ပါတယ်။

==== Unicode ====




XS
SM
MD
LG