သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလားေဘာလံုးပြဲ ေဆာက္လုပ္ေရး လုပ္ငန္းခြင္အတြင္း ေသဆံုးသူ ရာခ်ီရွိ  


၂၀၂၂ ခုႏွစ္ ကမၻာ့ဖလားေဘာလံုးပြဲက်င္းပႏုိင္ေရး ကာတာႏိုင္ငံမွာ ေဆာက္လုပ္ေနခဲ့တဲ့ အားကစား႐ံုျမင္ကြင္း။

[[Zawgyi/Unicode]]

ကာတာႏိုင္ငံမွာ ကမာၻ႔ဖလားေဘာလံုးပြဲေတြ က်င္းပဖို႔အတြက္ အေဆာက္အဦးေတြ ေဆာက္လုပ္ခဲ့ရာမွာ ေသဆုံးတဲ့ အလုပ္သမား အေရအတြက္ဟာ ၄၀၀ နဲ႔ ၅၀၀ ၾကား ေလာက္ရွိတယ္လို႔ ကာတာႏိုင္ငံရဲ႕ ထိပ္တန္းအရာရွိတဦးက ပထမဆုံးအႀကိမ္ ဝန္ခံ ေျပာဆိုလိုက္ပါတယ္။

လက္ရွိက်င္းပေနတဲ့ ကမာၻ႔ဖလားေဘာလံုးပြဲအတြက္ အေဆာက္အဦးေတြ ေဆာက္လုပ္ရာမွာ အခ်ိန္မီၿပီးစီးေအာင္ ႀကီးၾကပ္ ရတဲ့ ေကာ္မတီရဲ႕အတြင္းေရးမွဴး Hassan al-Thawadi နဲ႔ ထင္ရွားတဲ့ ၿဗိတိသွ် သတင္းေထာက္တဦးျဖစ္တဲ့ Piers Morgan တို႔ ေမးျမန္းခန္းမွာ အတြင္းေရးမွဴး al Thawadi ကအခုလို ေျပာဆိုခဲ့တာပါ။ ေသဆံုးသူ ၄၀၀ နဲ႔ ၅၀၀ ဝန္းက်င္ေလာက္ရွိၿပီး အတိအက်ေတာ့ သူ မေျပာႏိုင္ေသးတဲ့အေၾကာင္း al Thawadi က ေျပာပါတယ္။

ကမာၻ႔ဖလားေဘာလံုးပြဲေတြအတြက္ အေဆာက္အဦး တည္ေဆာက္ေရးနဲ႔ ျပဳျပင္ထိန္းသိမ္းေရး တာဝန္ေတြကို ၂၀၁၄ ခုႏွစ္ ကေန ၂၀၂၁ ခုႏွစ္အထိ တာဝန္ယူခဲ့တဲ့ ႀကီးၾကပ္ေကာ္မတီရဲ႕ အေစာပိုင္းထုတ္ျပန္ခ်က္မွာေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ေသဆံုးသူ ၄၀ ရွိၿပီး ၃၇ ေယာက္ဟာ လုပ္ငန္းခြင္အတြင္း ထိခိုက္မႈေၾကာင့္မဟုတ္ဘဲ အပူဒဏ္ေၾကာင့္လို႔ ထုတ္ျပန္ထားပါတယ္။ ကာတာအစိုးရအေနနဲ႔ တရားဝင္ထုတ္ျပန္တာေတာ့ မရွိခဲ့ပါဘူး။

လူ႔အခြင့္အေရးအဖြဲ႔ေတြ၊ အလုပ္သမားအဖြဲ႔ေတြနဲ႔ တခ်ိဳ႕သတင္းဌာနေတြရဲ႕ေဖာ္ျပခ်က္ေတြမွာ ကမ႓ာ့ဖလားေဘာလုံးပြဲအတြက္ အေဆာက္အဦးေတြ ေဆာက္လုပ္ရာမွာ ေသဆုံးသူအေရအတြက္ဟာ ေထာင္နဲ႔ခ်ီရွိတယ္လို႔ ေဖာ္ျပပါတယ္။ အလုပ္သမားေတြဟာ ျပည္ပက လာေရာက္အလုပ္လုပ္ကိုင္တဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြျဖစ္ၿပီး ေသဆုံးသူအမ်ားစုဟာ နီေပါနဲ႔ အိႏၵိယက ျဖစ္ၾကပါတယ္။

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ FIFA က ၂၀၁၀ ခုႏွစ္ကတည္းက ကာတာမွာက်င္းပဖို႔ဆုံးျဖတ္ခဲ့တာပါ။ ၂၀၁၂ ခုႏွစ္ေလာက္ ကတည္းကစၿပီး ေဒၚလာ ဘီလီယံ ၂၀၀ ေလာက္အကုန္အက်ခံကာ အေဆာက္အဦးေတြကိုေဆာက္လုပ္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ကမ္ဘာ့ဖလားဘောလုံးပွဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း သေဆုံးသူ ရာချီရှိ

ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကျင်းပဖို့အတွက် အဆောက်အဦးတွေ ဆောက်လုပ်ခဲ့ရာမှာ သေဆုံးတဲ့ အလုပ်သမား အရေအတွက်ဟာ ၄၀၀ နဲ့ ၅၀၀ ကြား လောက်ရှိတယ်လို့ ကာတာနိုင်ငံရဲ့ ထိပ်တန်းအရာရှိတဦးက ပထမဆုံးအကြိမ် ဝန်ခံ ပြောဆိုလိုက်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ အချိန်မီပြီးစီးအောင် ကြီးကြပ် ရတဲ့ ကော်မတီရဲ့အတွင်းရေးမှူး Hassan al-Thawadi နဲ့ ထင်ရှားတဲ့ ဗြိတိသျှ သတင်းထောက်တဦးဖြစ်တဲ့ Piers Morgan တို့ မေးမြန်းခန်းမှာ အတွင်းရေးမှူး al Thawadi ကအခုလို ပြောဆိုခဲ့တာပါ။ သေဆုံးသူ ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိပြီး အတိအကျတော့ သူ မပြောနိုင်သေးတဲ့အကြောင်း al Thawadi က ပြောပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲတွေအတွက် အဆောက်အဦး တည်ဆောက်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး တာဝန်တွေကို ၂၀၁၄ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ကြီးကြပ်ကော်မတီရဲ့ အစောပိုင်းထုတ်ပြန်ချက်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သေဆုံးသူ ၄၀ ရှိပြီး ၃၇ ယောက်ဟာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့်မဟုတ်ဘဲ အပူဒဏ်ကြောင့်လို့ ထုတ်ပြန်ထားပါတယ်။ ကာတာအစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်တာတော့ မရှိခဲ့ပါဘူး။

လူ့အခွင့်အရေးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့တွေနဲ့ တချို့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေမှာ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ သေဆုံးသူအရေအတွက်ဟာ ထောင်နဲ့ချီရှိတယ်လို့ ဖော်ပြပါတယ်။ အလုပ်သမားတွေဟာ ပြည်ပက လာရောက်အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး သေဆုံးသူအများစုဟာ နီပေါနဲ့ အိန္ဒိယက ဖြစ်ကြပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ၂၀၁၀ ခုနှစ်ကတည်းက ကာတာမှာကျင်းပဖို့ဆုံးဖြတ်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်လောက် ကတည်းကစပြီး ဒေါ်လာ ဘီလီယံ ၂၀၀ လောက်အကုန်အကျခံကာ အဆောက်အဦးတွေကိုဆောက်လုပ်ခဲ့တာပါ။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG