သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားအုပ်စု (စီ) အမေရိကန်-အင်္ဂလန် (၁) ဂိုးစီသရေ

အမေရိကန်နဲ့ အင်္ဂလန်ဘောလုံးပွဲ  ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှက့်ချက်ကို ဝါရှင်တန်မြီု့လယ်က ပရိသတ် အားပေးနေကြစဉ်။ ဇွန်လ ၁၂၊ ၂၀၁၀။
အမေရိကန်နဲ့ အင်္ဂလန်ဘောလုံးပွဲ ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှက့်ချက်ကို ဝါရှင်တန်မြီု့လယ်က ပရိသတ် အားပေးနေကြစဉ်။ ဇွန်လ ၁၂၊ ၂၀၁၀။

ရုစတင်ဘာ့ဂ်မြို့ (Rustenberg) က ရွိုင်ယယ် ဘာဖိုကန် (Royal Bafokeng) ကွင်း မှာ ကစားသွားတဲ့ နာမည်ကြီး အင်္ဂလန်နဲ့ အမေရိကန် ပွဲမှာတော့ အင်္ဂလန်အသင်းရဲ့ ဂိုးသမား ရောဘတ် ဂရင်း (Robert Green) ရဲ့ အမှားကြောင့် ၁ ဂိုး ၁ ဂိုးနဲ့သရေ ကျသွားခဲ့ပါတယ်။

ပွဲအစ ၃ မိနစ်မှာ အင်္ဂလန်ရှေ့တန်းက ဟက်စကီး ပေးတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် စတီဗင် ဂျရာ က သွင်းယူခဲ့ လို့ အင်္ဂလန်အသင်း ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အလယ်တန်းက ကလင့်မ် ဒမ့်ဆီ ဧရိယာ အပြင်ဘက် ကန်သွင်းတာ ကို ရောဘတ်ဂရင်း လက်ထဲက လွတ်ထွက်ပြီး ဂိုးဝင်သွားတဲ့အတွက် အမေရိကန်အသင်း ချေပဂိုးရ သွားခဲ့ပါတယ်။

အင်္ဂလန်အသင်း နဲ့ အမေရိကန်အသင်းဟာ နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပြန်တွေ့ခဲ့ တာပါ။ ၁၉၅၀ ကမ္ဘာ့ဖလားပွဲတုန်းကတော့ အမေရိကန်အသင်းက အင်္ဂလန်အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ ပါတယ်။

This item is part of
XS
SM
MD
LG