သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရောမြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ


မွန်ပြည်နယ် ကျိုက်မရောမြို့ (Photo: Facebook)
မွန်ပြည်နယ် ကျိုက်မရောမြို့ (Photo: Facebook)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေကြား အရပ်သား ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေ အပါအဝင် ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဒီကနေ့ တိုက်ပွဲတွေကြား ကျိုက်မရောမြို့နယ်၊ လှကဇိုင်းရွာမှာ ဒေသခံတချို့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့လည်း ရွာခံတယောက်က ပြောပါတယ်။

“၁၂ ဝန်းကျင်လောက်က ထင်တယ်။ ကလေးမလေး ထိသွားတာ၊ အမြောက်ကြီး ကျတယ်၊ ဘုန်းကြီးကျောင်းနားမှာ ကိုယ်ရင်တစ်ပါးရယ်၊ အဲ့ဒီကလေးမလေး တစ်ယောက်ရယ် ထိသွားတယ်။ ဒဏ်ရာပြင်းထန်တယ်။”

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းအကူတွေနဲ့ တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လဆန်းကစ မွန်ပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန် ပေါ်ပေါက်လာရာက ဒေသခံ ထောင်သောင်းချီ နေရပ်စွန့်ခွာနေရတာပါ။ မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့က တိုက်ပွဲတွေကြောင့် နောက်ထပ် နေရပ်စွန့်ခွာရသူ ၅ သိန်းကျော်လောက် ရှိတယ်လို့လည်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဒီဇင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG