သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS တိုက်ဖျက်ရေး အောင်မြင်မှုတွေ့ရ


ကမ္ဘာ့ AIDS နေ့
ကမ္ဘာ့ AIDS နေ့

AIDS ရောဂါတိုက်ဖျက်ရေး တိုးတက်မှုရှိအောင် ကမ္ဘာအနှံ့မှာ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ချီးကျူးလိုက်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုဟာ အကဲဆတ်တဲ့ အနေထားမျိုးမှာပဲ ရှိနေသေးတယ်လို့ သတိပေးထားပါတယ်။

ကမ္ဘာ့ AIDS နေ့ဖြစ်တဲ့ တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ မစ္စတာဘန်ကီမွန်းက အရေးကြီးတဲ့ ရောဂါကုသမှုခံယူတဲ့နေရာမှာ ရှိနေတဲ့ ကွာဟချက်တွေကို ထောက်ပြသွားပါတယ်။ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးငယ်တွေ မှာ လုံလောက်တဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေ မရကြဘူးလို့ ပြောပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ၂၀၃၀ ခုနှစ် အရောက်မှာ ကမ္ဘာပေါ်မှာ AIDS ရောဂါ လုံး၀ အမြစ်ပြတ်ကင်းစင်ရမယ်ဆိုတဲ့ ရည်မှန်းချက် အောင်မြင်ဖို့ လိုအပ်တာမှန်သမျှကို လုပ်ဆောင်ကြဖို့ မစ္စတာဘန်ကီမွန်းက နှိုးဆော်လိုက်ပါတယ်။ ကမ္ဘာအနှံ့မှာ လူပေါင်း ၃၅ သန်းဟာ AIDS ရောဂါကို ဖြစ်စေနိုင်တဲ့ HIV ပိုးကူးစက်ခံထား ရပါတယ်။ လူပေါင်း ၁၉ သန်းဟာ သူတို့မှာ ပိုးကူးစက်ခံထားရတယ်ဆိုတာ မသိကြသေးဘူးလို့ ကုလသမဂ္ဂက ပြောပြီး ကွာဟနေမှုကို နီးစပ်သွားအောင် စမ်းသပ်ဖို့နဲ့ antiretroviral ကုထုံးနဲ့ ကုသမှုခံယူနိုင်အောင် လုပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

HIV ကူးစက်ခံရသူဦးရေရဲ့ ၇၀% ဟာ အာဖရိက အတွင်းပိုင်းဒေသမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်ကစပြီးတော့ ရောဂါကူးစက်မှု လျှော့ကျလာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအတောအတွင်း အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းအာဖရိက၊ အရှေ့ဥရောပနဲ့ အာရှတိုက်အလည်ပိုင်းတွေမှာ မြင့်တက်လာနေတယ် လို့ ဆိုပါတယ်။ HIV/AIDS ရောဂါ တိုက်ဖျက်ရေးမှာ အမေရိကန်ပြည်ထောင်စုဟာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်လို့ သမ္မတ ဘရက် အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG