သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီနဲ့ ဒေသခံတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်


တောင်စွန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။
ဓာတ်ပုံ - Lion Battalion Commando ဗျူဟာစစ်ကြောင်း
တောင်စွန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Lion Battalion Commando ဗျူဟာစစ်ကြောင်း

ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေအတွင်း ထိခိုက်သေကျေမှုတွေ ရှိနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဗွီအိုအေကို ပြောဆိုခဲ့တာပါ။ ကရင်ပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးမြို့နယ် ထဲမှာစစ်ကောင်စီနဲ့ KNLA/PDF တွေ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမူတွေရှိနေသလိုစစ်ကောင်စီဘက်ကနေ လက်နက်ချအညံ့ခံကြတဲ့စစ်သားတွေလည်းပူးပေါင်းတပ်ဖွဲ့ထံကို ထွက်ပြေးလာကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ခေါင်းဆောင်တဦးကVOA ကိုပြောပြပါတယ်။

"ကော့ကရိတ်ကတော့ အောင်ဇေယျစစ်ကြောင်းဆက်ထိုးနေတော့အဲဒီဘက်မှာတိုက်ပွဲကတော့အကြီးအကျယ်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတော့ အဲဒီတော့ သူတို့ဘက်က (စကစ)က သေဆုံးတာ ထွက်ပြေးတာ ကျနော်တို့ဆီကို လက်နက်ချ (အလင်းဝင်တာ)အများကြီးရှိနေတယ်၊ ချိတ်ဆက်တာတွေလည်းရှိနေတယ်။ တဖက်နဲ့တဖက်အချိတ်အဆက်မရတာတို့ ချိန်းတဲ့နေရာလွဲနေတာတို့ စစ်ဖြစ်နေတော့သူတို့ကိုသွားကြိုဖို့လည်းမလွယ်တာ နောက်တခုက သူတို့ချိန်းတဲ့နေရာတိုင်းကျနော်တို့သွားဖို့ကလည်း နည်းနည်းတော့အန္တရာယ်ရှိတယ်လေ သူတို့တောနော်ရေတံခွန်ကိုတော့ကြိုလာတယ်။ သူက မြ၀တီကော့ကရိတ်လမ်းဟောင်းနဲအာရှလမ်းသစ်ကို သူတို့က စစ်ကြောင်းနှစ်ကြောင်းလည်းခွဲပြီးလာကြတယ်။ နှစ်ကြောင်းလုံးကိုကျနော်တို့ ကဖြတ်တိုက်နေတော့ အထိအခိုက်အကျအဆုံးလည်းများနေတယ်"

ဒီရက်ပိုင်းမှာပဲကြားအင်းဆိပ်ကြီးမြို့နယ်ထဲက ခြေမြန်တပ်ရင်း ၂၈၄ က တောင်စွန်းစခန်း ကိုလည်း ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တယ်လို့လည်းပြောပါတယ်။

"လွန်ခဲ့တဲ့ ၂ရက်က တောင်စွန်းစခန်းကိုသိမ်းလိုက်တယ် ခမရ ၂၈၄ ရှေ့တန်းစခန်းကိုသိမ်းလိုက်တယ်။ အဲဒီ စခန်းကနေ လက်နက်ခဲယမ်းတွေလည်းအများကြီးရတယ်။ သုံ့ပန်းတွေလည်းရတယ်"

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မြ၀တီမြို့မှာတော့ ချစ်ကြည်ရေးတံတား(၁)ကော တံတား(၂)ပါပြန်လည်ဖွင့်လှစ်ထားပြီး ကုန်စည်စီးဆင်းမူတွေ ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က အပြည့်အ၀ထိန်းချုပ်ထားတာမဟုတ်ပဲ နယ်ခြားစောင့်တပ်လောက်ပဲမြို့ထဲမှာထိန်းချုပ်ထားတယ်လို့လည်း ဆိုပါတယ်။

သူတို့လုပ်ငန်းလည်ပတ်နေတဲ့ပုံစံတော့ပြတယ် အဓိကမြ၀တီကိုထိန်းချုပ်ထားတာက ဗိုလ်ချစ်သူရဲ့နယ်ခြားစောင့်တပ်ပဲ ၂၇၅က လက်နက် လေးငါးဆယ်တော့ရှိတယ် ကျန်တာမရှိဘူး မြ၀တီနဲ့ သင်္ကန်းညီနောင်ဗျူဟာကုန်းကိုပြန်စိုးမိုးတော့ ကြိုးစားနေတယ် သူတို့ပြန်စိုးမိုးဖို့မလွယ်သေးဘူး စစ်ကူကလည်းမရောက်လာသေးဘူး။

လတ်တလောမှာတော့ ကရင်ပြည်နယ်အခြေအနေက တိုက်ပွဲတွေ မငြိမ်သက်သေးသလို စစ်ဘေးရှောင်စခန်းတွေမှာ နေရတဲ့ဒုက္ခသည်အရေအတွက်ကလည်း ၄ ထောင်ကျော်ရှိနေပါသေးတယ်။ ကုန်စည်စီးဆင်းမှုတွေကလည်း ပုံမှန်လည်ပတ်တာမရှိသေးသလို မြ၀တီကော့ကရိတ်အာရှလမ်းကလည်းပိတ်ထားဆဲဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG