သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေးထိခိုက်


မြဝတီမြို့ တိုက်ပွဲတွေကြောင့် ‌ထိုင်းနိုင်ငံဘက်ထွက်ခွာနေကြသူများကို နယ်စပ်ဂိတ်မှာ‌ တွေ့ရစဉ် (ဓာတ်ပုံ - AAC) (ဧပြီ ၁၀၊ ၂၀၂၄)
မြဝတီမြို့ တိုက်ပွဲတွေကြောင့် ‌ထိုင်းနိုင်ငံဘက်ထွက်ခွာနေကြသူများကို နယ်စပ်ဂိတ်မှာ‌ တွေ့ရစဉ် (ဓာတ်ပုံ - AAC) (ဧပြီ ၁၀၊ ၂၀၂၄)

ထိုင်း မြန်မာနယ်စပ် မြဝတီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့လည်း နယ်ခြားဂိတ်တွေကို ဖွင့်ထားဆဲ ဖြစ်ပြီး ကုန်သွယ်ရေး ရပ်တန့်သွားတာမျိုး ဖြစ်လာခဲ့ရင်၊ ရနောင်းလို တခြား လမ်းတွေကနေ ကုန်တွေ ပေးပို့သွားမယ့်အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း တိုက်ပွဲတွေကြောင့် မဲဆောက်ခရိုင်အတွင်း နယ်စပ်ကုန်သွယ်ရေး စီးဆင်းမှု ၃၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့တဲ့အကြောင်း ပြောဆိုတာကို Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ် Srettha Thavisin အပါအဝင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ စစ်တပ်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး မနေ့က ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးလာမယ်လို့ မျှော်လင့်ထားပြီး တသိန်းထက်ပိုမယ်ဆိုရင် တခြားနိုင်ငံတွေဆီက အကူအညီ တောင်းခံကောင်း တောင်းခံသွားမယ့်အကြောင်း သူက ပြောဆိုသွားပါတယ်။

Tak ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Chanin Songmek ကတော့ မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ပိုင်းကတည်းက နယ်စပ်ကုန်သွယ်ရေး ထိခိုက်ခဲ့ရပြီး ကုန်တင်ကားကြီးတွေအစား ကားအငယ်တွေနဲ့ ကုန်တွေ ပြောင်းပို့ခဲ့ရတဲ့အကြောင်း ပြောပါတယ်။ နောက်ကျမခံတဲ့ ကုန်တွေကို ရနောင်းဘက်ကနေ အချိန်မီ ပို့ပေးနေတဲ့ အကြောင်းလည်း ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေးထိခိုက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG