သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ တိုက်ပွဲတွေ အရှိန်မြင့်


Smoke rises over Khartoum, Sudan, June 23, 2023. Clashes between warring factions resumed in Sudan's capital and a neighboring city after a three-day cease-fire expired.
Smoke rises over Khartoum, Sudan, June 23, 2023. Clashes between warring factions resumed in Sudan's capital and a neighboring city after a three-day cease-fire expired.

ဆူဒန်နိုင်ငံမြို့တော်မှာ တိုက်ပွဲတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ ဆူဒန်စစ်တပ်နဲ့ ရန်ဘက်ပြည်သူ့စစ်တပ်ဖွဲ့ကြား လက်နက်ကိုင် ပဋိပက္ခတွေ စတင်ခဲ့တာ သီတင်း ၁၁ ပတ် ရှိလာချိန်မှာ လူပေါင်း ၂ သန်းခွဲလောက် နေရပ်စွန့်ခွာခဲ့ရပြီး စာနာမှုဆိုင်ရာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။

မကြာသေးခင် ရက်တွေကစလို့ ဒါဖောအနောက်ပိုင်းဒေသက အကြီးဆုံးမြို့ဖြစ်တဲ့ Nyala မှာ တိုက်ပွဲတွေ တိုးလာနေတယ်လို့လည်း မျက်မြင်ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။ ဆူဒန်စစ်တပ်နဲ့ RSF ပြည်သူ့စစ်တပ်ဖွဲ့ကြား ဧပြီလ ၁၅ ရက်နေ့ကစ ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ခါတွန်မြို့တော်နဲ့ မြို့ကြီးတွေမှာ အဆိုးဆုံး ထိခိုက်ခဲ့ရသလို ဒါဖောနဲ့ တောင်ပိုင်းဒေသတချို့မှာပါ ပဋိပက္ခတွေ ပျံ့နှံ့လာခဲ့တာပါ။

ဆော်ဒီအာရေးဗီးယားနိုင်ငံ Jeddah မြို့မှာ အမေရိကန်နဲ့ ဆော်ဒီနိုင်ငံတို့က ပူးတွဲကမကထလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ဆက်တိုက်ဆိုသလို ရခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်လက် အရှိန်မြင့်လာနေတာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး နောက်ဆုံးဆွေးနွေးပွဲကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အဆုံးသတ်ခဲ့တာပါ။ Khartoum, Bahri နဲ့ Omdurman မြို့တွေမှာ စနေနေ့နှောင်းပိုင်းကစ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တနင်္ဂနွေနေ့အထိ ဆက်ဖြစ်နေတယ်လို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

XS
SM
MD
LG