သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ AA အဖြဲ႕ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲ


ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ AA

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္မွာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲထားတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အတည္ျပဳ ေျပာပါတယ္။ လူသားခ်င္းစာနာမႈ လိုအပ္ခ်က္ အက်ပ္အတည္းေတြေၾကာင့္ အပစ္ရပ္လိုက္တာလို႔ AA ေျပာခြင့္ရကလည္း ေျပာပါတယ္။ ေန႔တိုင္းလိုလို ပစ္ခတ္သံေတြ ၾကားေနရတဲ့ ရခိုင္ေျမာက္ပိုင္းက ေမာင္ေတာ ရေသ့ေတာင္ ေက်ာက္ေတာ္နဲ႔ ပုဏၰားကြၽန္းၿမိဳ႕နယ္ေတြဘက္မွာ အခု ရက္ပိုင္းအတြင္း ပစ္ခတ္သံေတြ မၾကားရေတာ့ဘူး လို႔ ေဒသခံေတြကလည္း ေျပာဆိုၾကပါတယ္။ ရခိုင္ဘက္က ေနာက္ဆံုးအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုရန္ႏိုင္က တင္ျပထားပါတယ္။

တိုက္ပြဲျပင္းထန္ေနတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီၾကား ေဆြးေႏြးမႈေတြ ရွိေနၿပီး၊ ၿပီးခဲ့တဲ့ ရက္ပိုင္းကတည္းက ေျမျပင္မွာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အတည္ျပဳေျပာပါတယ္။

“က်ေနာ္တို႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြေတာ့ ရွိပါတယ္ခင္ဗ်ာ။ ေျမျပင္မွာေတာ့ လြန္ခဲ့တဲ့ သုံးေလးရက္ကတည္းက ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲၿပီး ျဖစ္ပါတယ္ ဒီေလာက္ပါပဲ။”

တိုက္ပြဲေတြ မၾကာခဏဆိုသလို ျဖစ္ပြားေလ့ရွိတဲ့ ေမာင္ေတာေျမာက္ပိုင္းမွာလည္း ဒီရက္ပိုင္းအတြင္း ပစ္ခတ္သံေတြ မၾကားရဘူးလို႔ ေမာင္ေတာေဒသခံ အမ်ိဳးသမီးတဦးက ေျပာပါတယ္။

“အရင္ကေတာ့ လက္နက္ႀကီး ပစ္သံေတြ၊ ေသနတ္ပစ္သံေတြ ေန႔တိုင္းၾကားရတယ္။ အခုဒီရက္ပိုင္း ၂ ရက္ ၃ ရက္ ေလာက္မွာေတာ့ ပစ္ခတ္သံေတြ မၾကားရဘူး။ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ မၾကားရဘူး။”

ဒါ့အျပင္ ဒီလအတြင္းမွာပဲ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား တိုက္ပြဲျဖစ္ပြားၿပီး ေဒသခံ ၁၀ ေယာက္ေက်ာ္ ေသဆုံးခဲ့ရတဲ့ ပုဏၰားကြၽန္းၿမိဳ႕နယ္မွာလည္း ပစ္ခတ္သံေတြ မၾကားရဘူးလို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

အလားတူ စစ္ေကာင္စီ တပ္ဖြဲ႔ေတြရဲ႕ လက္နက္ႀကီးက်ည္ေတြ မၾကာခဏ က်ေရာက္ေလ့ရိွတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ဘက္မွာလည္း ပစ္ခတ္တာေတြ ရပ္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒါေပမဲ့ ၿမိဳ႕တြင္းနဲ႔ လမ္းသြားလမ္းလာေတြကိုေတာ့ လုံၿခဳံေရးတင္းက်ပ္၊ စစ္ေဆးေန တယ္လို႔ ေက်ာက္ေတာ္ေဒသခံတဦး ေ်ပာပါတယ္။

“ဒီ ၁ ရက္ ၂ ရက္အတြင္းမွာေတာ့ ပစ္ခတ္သံေတြ မၾကားရဘူး။ ဒါေပမဲ့ သူတို႔မွာ ဘယ္လို အေျခအေနရွိေနလဲေတာ့ မသိဘူးခင္ဗ်ာ။ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ သူတို႔အၿမဲ ေနထိုင္တာ ရွိတယ္။ ၿပီးေတာ့ တံတားဦးဂိတ္ရယ္ ေက်ာက္ေတာ္ စကစ (၉) တပ္မက လမ္းသြားလမ္းလာေတြ ခရီးသြားျပည္သူေတြကို စစ္ေဆးတာေတြေတာ့ ရွိတယ္။ ပစ္ခတ္တာကလြဲလို႔ ေလ်ာ့သြားတာ မရွိေသးဘူး။ ျပည္သူေတြရဲ႕ အခက္အခဲေတြ ကေတာ့ ရွိတုန္းပဲဗ်ာ။”

တိုက္ပြဲေတြ ျပင္းထန္ေနခဲ့တဲ့ ရခိုင္မွာ အခုခ်ိန္ဟာ စပါးရိတ္သိမ္းဖို႔ အခ်ိန္ ေရာက္လာေနၿပီး လူသားခ်င္း စာနာမႈဆိုင္ရာ အက်ပ္အတည္းေတြ ရွိေနတာေၾကာင့္ ဒီလို အခက္အခဲေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ အပစ္ရပ္စဲတာျဖစ္တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခ ကလည္း ဗြီအိုေအကို ေျပာပါတယ္။ ႏိုင္ငံေရး ရပ္တည္ခ်က္ကေတာ့ ေျပာင္းလဲမွာမဟုတ္ဘဲ လူသားခ်င္းစာနာမႈ အရ ခုလို လုပ္ေဆာင္တာျဖစ္တယ္လို႔လည္း ခိုင္သုခက ေျပာပါတယ္။

==== Unicode=====

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။ လူသားချင်းစာနာမှု လိုအပ်ချက် အကျပ်အတည်းတွေကြောင့် အပစ်ရပ်လိုက်တာလို့ AA ပြောခွင့်ရကလည်း ပြောပါတယ်။ နေ့တိုင်းလိုလို ပစ်ခတ်သံတွေ ကြားနေရတဲ့ ရခိုင်မြောက်ပိုင်းက မောင်တော ရသေ့တောင် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ အခု ရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ မကြားရတော့ဘူး လို့ ဒေသခံတွေကလည်း ပြောဆိုကြပါတယ်။ ရခိုင်ဘက်က နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို ကိုရန်နိုင်က တင်ပြထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား ဆွေးနွေးမှုတွေ ရှိနေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြေပြင်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“ကျနော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေတော့ ရှိပါတယ်ခင်ဗျာ။ မြေပြင်မှာတော့ လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး ဖြစ်ပါတယ် ဒီလောက်ပါပဲ။”

တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတဲ့ မောင်တောမြောက်ပိုင်းမှာလည်း ဒီရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ မကြားရဘူးလို့ မောင်တောဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“အရင်ကတော့ လက်နက်ကြီး ပစ်သံတွေ၊ သေနတ်ပစ်သံတွေ နေ့တိုင်းကြားရတယ်။ အခုဒီရက်ပိုင်း ၂ ရက် ၃ ရက် လောက်မှာတော့ ပစ်ခတ်သံတွေ မကြားရဘူး။ လက်နက်ကြီးရော လက်နက်ငယ်ရော မကြားရဘူး။”

ဒါ့အပြင် ဒီလအတွင်းမှာပဲ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁၀ ယောက်ကျော် သေဆုံးခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ပစ်ခတ်သံတွေ မကြားရဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အလားတူ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လက်နက်ကြီးကျည်တွေ မကြာခဏ ကျရောက်လေ့ရှိတဲ့ ကျောက်တော်မြို့နယ်ဘက်မှာလည်း ပစ်ခတ်တာတွေ ရပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ မြို့တွင်းနဲ့ လမ်းသွားလမ်းလာတွေကိုတော့ လုံခြုံရေးတင်းကျပ်၊ စစ်ဆေးနေ တယ်လို့ ကျောက်တော်ဒေသခံတဦး ေျပာပါတယ်။

“ဒီ ၁ ရက် ၂ ရက်အတွင်းမှာတော့ ပစ်ခတ်သံတွေ မကြားရဘူး။ ဒါပေမဲ့ သူတို့မှာ ဘယ်လို အခြေအနေရှိနေလဲတော့ မသိဘူးခင်ဗျာ။ ကျောက်တော်မြို့ပေါ်မှာ သူတို့အမြဲ နေထိုင်တာ ရှိတယ်။ ပြီးတော့ တံတားဦးဂိတ်ရယ် ကျောက်တော် စကစ (၉) တပ်မက လမ်းသွားလမ်းလာတွေ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေတော့ ရှိတယ်။ ပစ်ခတ်တာကလွဲလို့ လျော့သွားတာ မရှိသေးဘူး။ ပြည်သူတွေရဲ့ အခက်အခဲတွေ ကတော့ ရှိတုန်းပဲဗျာ။”

တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ရခိုင်မှာ အခုချိန်ဟာ စပါးရိတ်သိမ်းဖို့ အချိန် ရောက်လာနေပြီး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရှိနေတာကြောင့် ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် အပစ်ရပ်စဲတာဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခ ကလည်း ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံရေး ရပ်တည်ချက်ကတော့ ပြောင်းလဲမှာမဟုတ်ဘဲ လူသားချင်းစာနာမှု အရ ခုလို လုပ်ဆောင်တာဖြစ်တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

XS
SM
MD
LG